Taurus (Apr 20 - May 20)

February 07, 2024

မင်္ဂလာပါ။    

 


StarLight Astrology က ကြိုဆိုပါတယ် ခင်ဗျာ။    

 


ခရစ်နှစ် ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ အချိန်အခါ သမယမှာ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားအပေါင်း နှင့် ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့သည်...

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပြီး သကာလ ဘေးဉပါဒ် အန္တရာယ် အသွယ်သွယ်သော ဒုက္ခများ ကင်းဝေးလျက် အလိုရှိအပ်သော အမှုကိစ္စ အဝဝတို့ ပြီးမြောက်ကြပါစေလို့ Starlightastro Group မှ ဆုမွန်ကောင်းတောင်း လိုက်ပါတယ် ခင်ဗျာ။    

"ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ"    

  


ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့  , ၁၀, ၁၉, ၂၈, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့  , ၁၁, ၂၀, ၂၉, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့  , ၁၂, ၂၁, ၃၀, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့  , ၁၃, ၂၂, ၃၁, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့  , ၁၄, ၂၃, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့  , ၁၅, ၂၄, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့  , ၁၆, ၂၅, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့  , ၁၇, ၂၆, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့  , ၁၈, ၂၇, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။


 နှစ်စဉ်နှစ်တိုင်း (ဧပြီ ၁၉ မှ မေ ၂၀) အတွင်း မွေးဖွားတဲ့ သူတွေကို ပြိဿရာသီဖွား များလို့ ခေါ်ပါတယ်။ 


  ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ပြိဿရာသီဖွား ဂဏန်း သမားများ  


 အသိမိတ်ဆွေများနှင့် ဖက်စပ်လုပ်ကိုင်သော လုပ်ငန်းများမှ ဝင်ငွေများပြားကောင်းမွန်မည်။ 


 မိမိ ရင်းနှီးငွေစိုက်ထုတ်ကာ ရင်းနှီးမြှုပ်နှံထားသော  စီးပွားရေးမှ အကျိုးအမြတ်များ ရရှိမည်။ 


 မေတ္တာရေးတွင် အနှောင့်အယှက်များခံစားရနိုင်ပြီး အဆင်မပြေနိုင်သေးပါ။ အချစ်ရေးမှာ နားလည်မှု လွဲခြင်း၊ အချင်းချင်း အမြင်မကြည် ဖြစ်ရခြင်းမျိုးတွေ ရှိနိုင်သည့် အတွက် မေတ္တာရှေ့ထား ပြောဆို ဆက်ဆံ ဆုံးဖြတ်သင့်ပေသည်။ 


 ယခုလပိုင်းတွင် အသိပညာ အတတ်ပညာများ လေ့လာဆည်းပူးနေသော ပညာသင် လူငယ် လူရွယ်များ မှာ သင်ယူလေ့လာဆည်းပူးလိုစိတ် ကုန်ခမ်းနေသည့်သဘောတွေ့ရှိရသည်။ 


 လောင်းကစား အရပ်ရပ်အားလုံးကို ဝေးဝေးမှ ရှောင်ရှားသင့်သည် ကာလပင်ဖြစ်သည်။ လောင်းကစား အကျိုးမပေးပါ။ လောင်းကစားကြောင့် ဆုံးရှုံးမှုများပြားနိုင်သည်။ 


 ကျန်းမာရေးအတွက်တော့ စိုးရိမ်စရာမရှိသည့် ကာလဖြစ်ပါသည်။ ဆေးကုသနေကြသော ရောဂါသည်များ ပင်လျှင် ဤကာလတွင် ဆေးကောင်းတွေ့ခြင်း၊ ဆရာကောင်းနှင့် ကြုံဆုံ ကုသခွင့် ရခြင်း၊ အနာနဲ့ ဆေး ကွက်တိတွေ့ကာ သက်သာ ပျောက်ကင်းသွားမည်။ 


 သား/သမီးရှိသူများ မိမိတို့ရဲ့ သား/သမီးများ၏ လူမှုရေးရာ အဖြာဖြာအတွက် စိုးရိမ်ပူပန်ရတာမျိုး ဖြစ်တတ်သည်။ သား/သမီး တို့အတွက် အကုန်အကျများပြားနေတတ်သည်။

 


  ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ပြိဿရာသီဖွား ဂဏန်း သမားများ  

 


 စီးပွားရေးလုပ်ငန်းများအတွက် မိမိကိုယ်တိုင် ဝင်ပါ၍ အင်အားစိုက်ထုတ်ကာ ဝီရိယကောင်းစွာဖြင့် အင်တိုက် အားတိုက် ကြိုးစား လုပ်ဆောင်နေဖြစ်သည့် ကာလဖြစ်သည်။ 


 အပြိုင်အဆိုင် လုပ်ငန်းတူများကြားတွင် ယှဉ်ပြိုင်ရုန်းကန်နေရင်း မိမိရဲ့ လုံ့လကြောင့် ရလဒ်ကောင်းများ စတင်ထွက်ပေါ်လာမည့်အချိန်တည်း။ 


 လုပ်ငန်းတူများရဲ့ တိုက်ခိုက်ရန်စမှုကို ချေပအောင်မြင်နိုင်လိမ့်မည်။ 


 လုပ်လက်စလုပ်ငန်းကို ဝီရိယမလျော့စေပဲ ဆက်လက် အရှိန်အဟုန်ဖြင့် သွားစေပါ။ အကျိုးအမြတ်များ ခံစားရတော့မည်ဖြစ်သည်။ 


 သူတပါးနှင့် စပ်တူလုပ်ငန်း၊ သူများရဲ့ အရင်းအနှီးဖြင့် မိမိရဲ့ ကာယအား ဉာဏ်အားကိုသုံးကာ လုပ်ကိုင်ရသောလုပ်ငန်းများမှလည်း အောင်မြင်မှု ရရှိနိုင်မည်ဖြစ်သည်။ 


 အွန်လိုင်းမှ ရှော့ပင်းလုပ်ခြင်း၊ ပွဲစား၊ ကိုယ်စားလှယ် လုပ်ငန်းများမှ ကောင်းကျိုးများ စံစားရသော ကာလဖြစ်မည်။ ငွေရေးကြေးရေး စုမိဆောင်းမိကာ နောင်ရေးအတွက် စိတ်အေးရပေမည်။ 


 ရန်အတိုက်အခံ၊ အပြိုင်အဆိုင်များဖြင့် ရှိနေမည်ဖြစ်သော်လည်း ကံတရားသည် မိမိဘက်ပါ၍ သော်လည်းကောင်း မိမိရဲ့ အရည်အချင်းကြောင့်သော်လည်းကောင်း နောက်ဆုံးတွင် အောင်မြင် နိုင်မည်သာဖြစ်သည်။ 


 ရာသီတုပ်ကွေး၊ နှာစေးချောင်းဆိုး များ ဖြစ်နိုင်သည့်ကာလဖြစ်၍ သတိထားပါ။ 


 မောင်နှမသားချင်းများဆီမှ ဝမ်းသာစရာသတင်းများကြားရမည်။ 


 လိုအင်ဆန္ဒအဖြာဖြာ ပြည့်စုံမည်သာ ဖြစ်ပါသည်။

 


  ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ပြိဿရာသီဖွား ဂဏန်း သမားများ  


 ကိုယ်ပိုင်လုပ်ငန်းမှ တိုးတက်မှုများကို စတင်မြင်တွေ့ရမည်။ 


 ရသည့်အမြတ်ကို အရင်းထဲထပ်ထည့်ရင်း လုပ်ငန်းကြီးထွားလာအောင် ကြိုးပမ်းနေချိန်ဖြစ်သည်။ 


 ဝန်ထမ်းဖြစ်သူများ အလုပ်ရှင်သူဌေးမှ ချီးမြှောက်ခြင်းခံရမည်။ 


 ဝန်ထမ်းများအတွက် ဖန်တီးပေးသော နှစ်ပတ်လည်ပါတီလိုမျိုး ပျော်ပွဲရွှင်ပွဲများ တက်ရောက် ပျော်ပါးရမည်။ 


 ယခုကာလတွင် ပွဲလမ်းသဘင်၊ ပါတီမျိုးစုံဖြင့် ပါဝင်ရကာ စိတ်လှုပ်ရှား ပျော်ရွှင်ရမည်။ 


 အပျော်ပေါ် အပျော်ထပ်ဆင့်ရသလို ဖြစ်မည်။ 


 လူထုအများအပြားနှင့် ဆက်ဆံလုပ်ကိုင်ရသော ဝန်ဆောင်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့မည်။ 


 ဖောက်သည်များ၏ ကျေနပ်သဘောကျသော ချီးကျူးမှုများ ရရှိမည်။ 


 ဤအချိန်တွင် မမျှော်လင့်ပဲ အိမ်ထောင်ကျရခြင်းမျိုး ကြုံရဆုံရမည်။ 


 အိမ်ထောင်ပြုရန် ရည်ရွယ်မှုများလည်း ဖြစ်ပေါ်လာလိမ့်မည်။ အစစအရာရာ ချောမွေ့နေမည်သာ ဖြစ်သည်။ 


 လင်မယား ဆက်ဆံရေး ပြေလည်နေပြီး အိမ်တွင်းရေးသာယာပါသည်။ 


 ကလေးလိုချင်လို့ စောင့်မျှော်နေသူများလည်း ကျေနပ်ပျော်ရွှင်ရမည့်ကာလ ဖြစ်သည်။ 


 ငွေလိမ်ခံရကိန်းမျိုး ရှိတတ်သောကြောင့် ငွေနဲ့ပတ်သတ်လျှင် လက်မလွယ်ပါရန် သတိပေးလိုသည်။ 


 ပတ်ဝန်းကျင်တွင် ထင်ပေါ်ကျော်ကြားနေတတ်သည်။ 


 အသေးအမွှား ကျန်းမာရေးကလွဲရင် စိုးရိမ်စရာတော့မရှိပါချေ။

 


  ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ပြိဿရာသီဖွား ဂဏန်း သမားများ  

 


 လုပ်ငန်းခွင်ဝန်ထမ်းပါတီတွင် ကံမကောင်းစဖူး ကံကောင်းကာ ဆုမဲကြီးကြီး မဲပေါက်တာမျိုးရှိမည်။ 


 စားသောက်ဆိုင်ကောင်းတွင် အစားကောင်းများစားရခြင်း၊ လက်ဆောင်ပစ္စည်းများ ဝင်လာမဆဲ တသဲသဲဖြစ်ခြင်း စသည့် မယုံနိုင်စရာ ကံတရားမှ ထောက်ပံ့ပေးသောအရာများ ရရှိပိုင်ဆိုင်မည်။ 


 မိမိပြောသမျှစကားများ အရာရောက်ခြင်း၊ လုပ်သမျှ အမှတ်ပေးခံရခြင်းမျိုး ကြုံဆုံရမည်။ 


 ဘာကိုပဲလုပ်နေပါစေ ပရိတ်သတ်ပေါများကာ မျက်နှာပွင့်လန်းနေမည် ဖြစ်သည်။ 


 အိမ်စီးကား၊ လုပ်ငန်းသုံးကားများ ဝယ်ယူလိုပါက ယခုကာလတွင် ပစ္စည်းကောင်း ဈေးမှန်ဖြင့် ဝယ်ယူ နိုင်မည်။ 


 သား/သမီးများရဲ့ အလုပ်အကိုင်၊ ပညာရေးများ အောင်မြင်တိုးတက်မှုကို တွေ့ရပြီး  မိမိအသိုင်းအဝိုင်းမှာ လက်မထောင်နိုင်မည့် ကာလဖြစ်သည်။ 


 မိမိထက်ငယ်သော ညီငယ်၊ ညီမငယ် တို့အတွက်တော့ စိုးရိမ်ရတာမျိုးရှိကာ မိမိမှ ကူညီထောက်ပံ့ ပေးရမည်။ 


 မိခင်မှာ ဝင်ငွေကောင်းနေတတ်ပြီး မိမိကိုလည်း အကျိုးရှိစေမည်။ 


 အလှူမင်္ဂလာများ ပြုလုပ်ရလိမ့်မည်။ 


 ဖခင်ရဲ့ ကျန်းမာရေး အညံ့ကြုံတတ်၍ သတိပြုပါရန်။

  


  ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ပြိဿရာသီဖွား ဂဏန်း သမားများ  

 


 ဖြစ်တော့မလိုနှင့် မဖြစ်လာ၊ ရတော့မလိုနဲ့မရမျိုး စသည့် စိတ်ပျက်စရာ အခြေအနေများ ဖြစ်တတ်သည်။ 


 ယခုလတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုများ များများပြားပြား မလုပ်သင့်သေးချေ။ 


 လုပ်သမျှ နစ်နာ ဆုံးရှုံးတာမျိုးတွေ ဖြစ်တတ်သည့် ကာလဖြစ်သည့်အတွက် စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူများ လုံးဝကို သတိထား လုပ်ကိုင်သင့်သောအချိန်ဖြစ်သည်။ 


 ကြိုးစားသလောက်အရာမထင်နိုင်သော ကာလဖြစ်သောကြောင့် ရှေ့ကိုဇွတ်မတိုးပဲ လက်ရှိ အခြေအနေ ကို ထိန်းသိမ်းကာ ဆုံးရှုံးမှု နဲသထက်နဲစေနိုင်ရင် ကြိုးစားအားထုတ်ရပေမည်။ 


 လမ်းသွား လမ်းလာ သတိပြပါ။ သွေးထွက်သံယို ထိခိုက်ဒဏ်ရာရမှု အသေးစား ကြုံတွေ့နိုင်သည်။ 


 မိမိ ဖခင်သည် ဤကာလတွင် ပွပေါက်တိုးခြင်း အဆင်ပြေခြင်းများ ရရှိသဖြင့် မိမိအား စောင့်ရှောက်ခြင်း ကယ်မခြင်းမျိုး ရှိမည်။ 


 ညီ/ညီမများရဲ့ လုပ်ငန်းကိုင်ငန်းများ အဆင်ပြေ၍ သူတို့အတွက် ဝမ်းမြောက်ရကာ သူတို့ထံမှ မင်္ဂလာ စကားများသာ ကြားရမည်။ 


 အရွယ်ရောက်သော သားသမီးများရှိပါက သား/သမီးများမှာ ခရီးဝေးသွားရမည့်ကိစ္စများ ပေါ်ပေါက် ပေမည်။ 


 သားသမီးတို့ရဲ့ ပညာရေးအတွက် ဝမ်းမြောက်ဂုဏ်ယူရမည့်အချိန် ဖြစ်သည်။

 


  ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ပြိဿရာသီဖွား ဂဏန်း သမားများ  

 


 အလုပ်လုပ်ကိုင်ရာတွင် စိတ်လိုက်မာန်ပါ မလုပ်ကိုင်မိရန် သတိထားပါ။ ဒေါသရှေ့ထား မှားတတ်သည်။ 


 မိမိ၏ ရှေ့နောက်မကြည့် တဇွတ်ထိုး ဆောင်ရွက်ချက်များကြောင့် အရှက်တကွဲ အကျိုးနဲ ဖြစ်ရတတ်သည်။ 


 ဝန်ထမ်းများ လုပ်ငန်းခွင်တွင် စိတ်ဖိစီးမှုများစွာ တွေ့ကြုံခံစားရမည်။ 


 အထက်လူကြီးမှ ဖိအားပေးခြငးမျိုး၊ လုပ်ဖော်ကိုင်ဖက်များမှ ချောက်တွင်းခြင်းမျိုးများ အမျိုးမျိုးဖြင့် စိတ်ညစ်နွမ်းနေလိမ့်မည်။ 


 မိမိကိုးကွယ်ရာ ဘာသာတရားကို စူးစူးစိုက်စိုက်လုပ်ကိုင်ပြီး မကောင်းသော အခိုက်အတန့်ကို ကျော်လွှားနိုင်ပါလိမ့်မည်။ 


 ငွေကြေး ဝင်ငွေ ထွက်ငွေ မမျှဖြစ်တတ်သည်။ 


 စိတ်ဖိစီးမှုပေါများနေတတ်ပြီး နေကုန်နေခမ်း စိတ်ဓာတ်ကျနေတတ်သည်။ 


 အနုပညာရှင်များ အတွက်မူ ချီးကျူး ဂုဏ်ပြုခံရတတ်ပါသည်။


 ချစ်သူ၊ ခင်သူ၊ အိမ်ထောင်ဖက်ဆီမှ ဂရုတစိုက် အချိန်ပေး အာရုံစိုက်ပေးမှုကို ခံစားရမည်။ 


  ချစ်သူနှင့် ပတ်သတ်ပြီး ကံကောင်းသည်ဟု ခံစားရလိမ့်မည်။ 


  အိမ်ထောင်ဖက် နှင့်လည်း အဆင်ချောသည့် ကာလဖြစ်သည်။ 


 အိမ်တွင်းရေး ငြိမ်းချမ်းနေမည်။ 


 ပညာသင်များ ထောက်ပံ့မှုရရှိခြင်း ဆရာသမားများ၏ ကူညီစောင်မခြင်းတို့ လက်ခံရရှိမည်။ 


 ကျန်းမာရေးအတွက်တော့ စိုးရိမ်စရာမရှိပါ။

 


  ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ပြိဿရာသီဖွား ဂဏန်း သမားများ  

 


 ဘယ်ဘက်မှ တဆုပ်ကြဲ ညာဘက်မှ တလှည်းဝင်ဆိုသလို ငွေကြေးပေါများနေတတ်သော အချိန်ကာလဖြစ်ပြီး လှူတန်းပေးကမ်းမှုလည်း များပြားကာ လာဘ်လာဘများလည်း 


 အလုံးအရင်း ဝင်ရောက်လာသောကာလ ဖြစ်သည်။ ပုံမှန်ထက် အမြတ်ငွေများ ပိုရတတ်ကာ လုပ်ငန်းအောင်မြင်မှုများ သိသိသာသာ တိုးတက်နေသော အခါသမယဖြစ်သည်။ 


 အပျော်အပါး ခရီးများ ထွက်ရတတ်ကာ မိတ်ဆွေ အပေါင်းအသင်းများနှင့် ချစ်ကြည်ရင်းနှီးစွာ ဖြစ်နေမည်။ 


 မိမိအား လေးစားသူ အားကျသူများ ပေါများနေတတ်ပြီး ဘဝမှာ အကောင်းဆုံးကာလကို ရောက်နေပြီဟု ဆိုလို့ရပေသည်။ 

 


 အလုပ်အကိုင်ရှာဖွေနေသူများ မိမိမှန်းထားသော အရာများထက် ပိုမိုမြင့်မားသော လစာဝင်ငွေ နေရာထိုင်ခင်း အစစအရာရာ သာလွန်သည့် အလုပ်မျိုးရရှိမည်။


  ကောင်းသောနေရာသို့ ပြောင်းရွေ့ရခြင်းရှိမည်။


  အချစ်ရေးတွင် မိမိအား ကမ်းလှမ်းသူများပေါများနေတတ်သည်။ ရွေးစရာများလွန်းလို့ ဘာရွေးရမလဲ တောင်ဖြစ်နေမည်။


  ချစ်သူရှိပြီးသူများ ချစ်သူ၏ သိတတ်မှုကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရမည်။


  အိမ်တွင်းရေး အဆင်ပြေမည်။


  သား သမီးများ၏ အောင်မြင်မှုကြောင့် ဂုဏ်ယူရမည်။


  အိမ်နား ဝန်းကျင် မီးလန့်ခြင်းရှိမည်။ နေအိမ်တွင်လည်း မီးကို ဂရုတစိုက်အသုံးပြုပါရန်။

 


 

  ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ပြိဿရာသီဖွား ဂဏန်း သမားများ  

  


 နိုင်ငံခြားအလုပ်ခရီး စဉ်စီစဉ်ထားသူများ ယခုရက်ပိုင်းအတွင်း ထွက်ခွါရမည့် အကြောင်းကြားစာ ရရှိမည်။


 ကျောင်းသား ကျောင်းသူများ အဖွဲ့အစည်းကြီးကြီးမှပေးအပ်သော ပညာသင်ဆု ရရှိမည်။


 အလုပ်အကိုင်ကောင်းမည်။ ဝင်ငွေလည်း ပုံမှန်ရှိနေတတ်သည်။ သို့သော် အလုပ်ကို အာရုံစိုက်ကာ ပင်ပန်းစွာ လုပ်ကိုင်ရခြင်းကြောင့် အိပ်ရေးပျက် လူနွမ်းနေတတ်သည်။


 ထီဝါသနာပါသူများ ထီထိုးပါ။ ကံတရား၏ မျက်နှာသာပေးမှုကိုရရှိမည့် အချိန်ဖြစ်သည်။


 အကြီးအကဲများ၊ မိတ်ဆွေများထံ မှ လက်ဆောင် ရတတ်ပါသည်။


 ဘာသာတရားကိုလည်း တတ်အားသရွေ့လုပ်ကိုင်ခြင်းဖြင့် ကံပွင့် ကံမြင့်စေမည်ဖြစ်သည်။


 မေတ္တာရေးတွင် ဒုတိယလူပေါ်မည်။ ချစ်သူကို စိတ်မချကာ သဝန်တိုနေရမည်။


 အိမ်ထောင်ရေး ဤကာလတွင် လုံးဝမကောင်းသေးပါချေ။ သေချာ လေ့လာ စဉ်းစားရန်လိုအပ်သည်။


 မိခင် ဖခင်တို့မှ အကူအညီလိုအပ်သော အချိန်ဖြစ်တတ်ပြီး မိမိမှ ထောက်ပံ့ခွင့်ကြုံမည်။


 ဖခင်ကျန်းမာရေးအတွက် တာဝန်ယူပေးရခြင်းမျိုးရှိမည်။


 မိမိစိတ်ဝင်စား သင်ကြားလိုသော ပညာရပ်များကို မထင်မှတ်ပဲ သင်ကြားခွင့်ကြုံမည်။


 ကိုယ်တိုင်၏ ကျန်းမာရေး၊ လူမှုရေး အတွက်တော့ အဆင်ပြေနေတတ်ပါသည်။

 


  ၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ပြိဿရာသီဖွား ဂဏန်း သမားများ  

 


 ဆုတ်လည်းဆူး စားလည်းရူး အခြေအနေမျိုး ဖြစ်နေသည်။ ရှေ့ကို ဘာလုပ်လို့လုပ်ရမလဲ ဝေခွဲမရကာ စိတ်ပင်ပန်းနွမ်းလျ နေတတ်သည်။


 လုပ်ငန်းမှ ပစ္စည်းပျောက်ဆုံးခြင်း၊ အားကိုးရသည့် ဝန်ထမ်းထွက်ခြင်း စသည့် အမျိုးမျိုး ဖြစ်ပေါ်ခံစားနေရတတ်သည်။


 လုပ်ငန်းခွင်တွင် လူများပြီးပွဲမစည်ဆိုသလိုမျိုး အချိန်မှီပြီးရမည့် အလုပ်တွေ နှောင့်နှေးကြန့်ကြာ နေမည်။


 ကုမ္ပဏီဝန်ထမ်းများ ရုံးများ ကိစ္စများအမျိုးမျိုး ဖြေရှင်းနေရပြီး အလုပ်ရှုပ်နေတတ်သည်။


 မျှော်လင့်ထားသော ပြသနာရပ်များအပြင်၊ မထင်မှတ်ထားသော ပြသနာများပါ ပေါ်ပေါက်၍ ရှင်းရခက် နေတတ်သည်။


 ဒီရက်ပိုင်း အလုပ်အင်တာဗျူး ဖြေဖြစ်ပါက မအောင်မြင်တတ်ပါ။


 အလုပ်ပြောင်း နေရာပြောင်းအတွက် ကောင်းမွန်သော အချိန်ကာလ မဟုတ်သေးပါသဖြင့် ရောက်ရာ နေရာမှာပဲ အဆင်ပြေသလို ကြိုးစားနေထိုင်ရန် အကြံပြုလိုပါသည်။


 ချစ်ရေးချစ်ရာ သစ္စာဖောက်ခံရတတ်သည်။


 အိမ်ထောင်ရေးတွင်လည်း အချင်းချင်းနားလည်မှုလွဲပြီး မခေါ်နိုင် မပြောနိုင် ဖြစ်နေပါမည်။


 သားသမီး နေထိုင်မကောင်းဖြစ်တတ်ပြီး ငွေကုန်ကြေးကျများနေတတ်သည်။


 မိခင်၊ ဖခင်တို့ထံမှ ငွေကြေးပိုင်းအရသော်လည်းကောင်း ကူညီထောက်ပံ့မှု ရရှိမည်။

 


ချစ်မိတ်ဆွေတို့ရေ အခု တင်ဆက်ဖော်ပြပေးနေတဲ့ တစ်ဆယ့်နှစ်ရာသီအတွက် နက္ခတ်ဗေဒင်ပညာ အဟောတွေကို ယေဘုယျ အဟောများတင်ဆက်ပေးနေရာမှ ပိုမို တိကျ သေချာတဲ့ ဟောကိန်းတွေကို တဆင့်ပြီးတဆင့် ပိုမိုကောင်းမွန် မှန်ကန်တဲ့ ဟောပြောမှုများ အဖြစ် ဆက်လက် တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။    


နောက်ပိုင်းတွေမှာ ရာသီအလိုက် နက္ခတ်စီးစနစ် တွေပါ ရေးသားတင်ဆက် ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Starlightastro Group ကို Like & Follow လုပ်ထားဖို့တော့လိုပါတယ်နော်။    


တဦးတယောက်ချင်းစီအတွက် တိကျမှန်ကန်သေချာတဲ့ ဟောပြောမှုကို လိုချင် ပါလျင် အတွေ့အကြုံ ရင့်ကျက်တဲ့ နက္ခတ္တဗေဒင် ပညာရှင်ကြီးတွေနဲ့ စုပေါင်းဖွဲ့စည်း ထားတဲ့ StarLight Astrology မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။  

 


ချစ်မိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး အောင်မြင်မှုပန်း တိုင်ကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။  


  #Starlightastro Group#


Monthly horoscopes

horoscope/yUBWqz3BzRU9rs6NxXB9pIzi7rHqeAoj0CZLydry.png

Aries

Mar 21 - Apr 19

horoscope/I9Cf12WsNJeoe9juFIYu0lmgq1tZb6TteYMVuv9T.png

Taurus

Apr 20 - May 20

horoscope/oLxkVsOiamG69X9yqSLhxeoT464jhGZaeUIHgObF.png

Gemini

May 21 - Jun 20

horoscope/RDnH9Zwmep6PbeMyaOcak17vaRBPFZ0TVSCW0KAI.png

Cancer

Jun 21 - Jul 22

horoscope/3lXJfygmyGRc9vVDqTL275pfCv3uIkIxpqxiz9Fq.png

Leo

Jul 23 - Aug 22

horoscope/dE2MvlI9n9747f2jz6KDnikznDBTsKh5PjEcpr1s.png

Virgo

Aug 23 - Sep 22

horoscope/PVd9Pojv2P1aLr3MPPapQ6TiKW2U5bCcqQP04VRg.png

Libra

Sep 23 - Oct 22

horoscope/aMFFRU6I0dMfPMq2hZA8lF6WaZmvXz6whSQOgrCU.png

Scorpio

Oct 23 - Nov 21

horoscope/YjWuT3Tuz24O2YPa6YFP7uEpBrWcl9GpHoq6chug.png

Sagittarius

Nov 22 - Dec 21

horoscope/jyi3DVYRH8QNBEOKSRqhjVy3bSJlriMLTlmbfDvB.png

Capricorn

Dec 22 - Jan 19

horoscope/Ldni2XMtt9HmizvRXN2KsbLtPmvA7LTiZRpCeho4.png

Aquarius

Jan 20 - Feb 18

horoscope/nsRIfi2ZEFkOMSsMpFYwir70DgO3kjT96mmg9jtX.png

Pisces

Feb 19 - Mar 20