About Us

Our Group Leader

Sayar Yan Aung Hein

ဆရာကြီး ရန်အောင်ဟိန်း(Bsc) ကေပီရှေ့ဆောင်နက္ခတ္တဗေဒင်ပညာရှင်၏ ကိုယ်‌ရေးအကျဉ်းချုပ်

၂.၈.၁၉၆၁ တွင် အလုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် မွေးဖွားခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် အခြေခံပညာ အထက်တန်းကို လမ်းမတော် အထက (၁) စိန်ဂျွန်း ကျောင်းမှ သင်္ချာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ (၁၉၇၈ – ၁၉၇၉) တွင် ကြည့်မြင်တိုင် ဒေသကောလိပ်(၃) တွင် ဇိဝဗေဒ ဘာသာရပ်ဖြင့် ပထမနှစ် တက်ရောက်သင်ကြားခဲ့သည်။

(၁၉၇၉-၁၉၈၀) တွင် လှိုင်မြို့နယ် ဒေသကောလိပ်(၂) တွင် ပုံနှိပ်ထုတ်ဝေခြင်းအထူးပြုဘာသာရပ်အဖြင့် တက်ရောက်သင်ကြားခဲ့ကာ ဘာသာရပ်အားလုံး ဂုဏ်ထူးရရှိ အောင်မြင်ခဲ့သည်။ (၁၉၈၀-၁၉၈၂) တွင် ရန်ကုန် တက္ကသိုလ် (ပင်မ) သို့ ဘူမိဗေဒ ဘာသာရပ် (အဓိက)ဖြင့် တက်ရောက်သင်ကြားခဲ့သည်။

Read more

အသုံးပြုမည့် နက္ခတ်ဗေဒင်
ပညာရပ်များ

StarLight Astrology Group အနေနှင့် ဟောစာတမ်းများပိုမိုတိကျမှန်ကန်စေရန် အတွက် သိပ္ပံနည်းကျ နက္ခတ်ဗေဒင်ပညာဖြစ်သည့် ခရစ်ရှနားမူးတီး KP နက္ခတ်ဗေဒင်ပညာ၊ KP မှ ဆင့်ပွားတိုးတက်လာသည့် KB – Krishnamurthy Baskaran, KCIL – Khullar’s Cuspal Interlinks နက္ခတ်ဗေဒင်ပညာ၊ Numerology ဂဏန်းဗေဒင်ပညာရပ်၊ Vastu Shastra (ဂေဟာဗေဒ- အဆောက်အဦးဆိုင်ရာဗေဒင်ပညာရပ်)၊ Gems and Crystal Astrology (ကျောက်မျက်ဗေဒင်) အစရှိသော ပညာရပ်များနှင့် အသုံးပြုသွားမှာ ဖြစ်ပါသည်။

ထို့အပြင် ခေတ်မီဆော့ဝဲများကိုလည်း အသုံးပြုပြီး ဂြိုဟ်များရောက်ရှိနေသည့် နေရာများကို အသေးစိတ်တွက်ချက်မှုများ ပြုလုပ်၍ မိတ်ဆွေတို့၏ မွေးဇာတာမှ ရာသီများ၊ ဂြိုဟ်များ၊ နက္ခတ်များ၊ ဘာ၀များကို အနုစိတ်ခွဲခြမ်းစိတ်ဖြာပေးပြီး ဇာတာကို သုံးသပ် အဖြေထုတ်ပေးသွားမှာ ဖြစ်ပါသည်။

အထူးသဖြင့် ဇာတာကို အဖြေထုတ်ပေးရာတွင် ပိုမိုပြည့်စုံ လေးနက်စေရန်နှင့် လစ်ဟင်းမှု မရှိစေရန် ပညာရှင်တစ်ဦးထဲက သုံးသပ်ပေးခြင်းမဟုတ်ဘဲ မတူညီသော ရှုထောင့်ပေါင်းစုံဖြင့် သုံးသပ်နိုင်ရန် ကဏ္ဍအလိုက် အထူးပြုလေ့လာထားသည့် နက္ခတ်ဗေဒင်ပညာရှင်ကြီးများနှင့် စုပေါင်းဆွေးနွေး အဖြေထုတ် အကြံပေးသွားမှာ ဖြစ်ပါသည်။

အကြံပြုချက်

မသေချာမရေရာမှုများ ပြည့်နှက်နေသည့် ကမ္ဘာကြီးတွင် နက္ခတ်ဗေဒင်ပညာသည် ထူးခြားပြီး တန်ဖိုးရှိသည့် ရှုထောင့်တခုကို ပေးဆောင်နိုင်စွမ်းရှိပါသည်။ နက္ခတ်ဗေဒင်ပညာရပ်၏ ဟောကိန်းများသည် ထိရောက်အသုံးဝင်သော နည်းလမ်းတစ်ရပ်ဟု ဆိုနိုင်ပါသည်။

ဒါကြောင့် မိမိတို့၏ အနာဂတ် ကံကြမ္မာများကို ကြိုတင်သိရှိနိုင်စေရန် နက္ခတ်ဗေဒင်ပညာရပ်မှ ညွှန်ပြချက်များကို ထည့်သွင်းအသုံးချရန် အကြံပြုလိုပါသည်။ မိမိတို့ဘ၀ အောင်မြင်မှု၊ ကျန်းမာပျော်ရွှင်မှု၊ အခက်အခဲများကို ပြင်ဆင်ကျော်လွှားနိုင်ရန် StarLight Astrology Group မှ နက္ခတ်ဗေဒင်အကြံဉာဏ်များရယူရန်ဖိတ်ခေါ်ပါသည်။

StarLight Astrology group မှ ကျွမ်းကျင်သော ပညာရှင်ကြီးများနှင့် မေးမြန်းပြီး အောင်မြင်မှုများကို ကိုယ်တိုင် ရယူလိုက်ပါ။

Why choose us?

ဟောစာတမ်းများ တိကျ မှန်ကန်မှုရှိခြင်း

ကျွန်ုပ်တို့၏ နက္ခတ်ဗေဒင်ဆရာများသည် ပညာရပ်ဆိုင်ရာ ဗဟုသုတကြွယ်၀ပြီး အတွေ့အကြုံ ရင့်ကျက်သော ပညာရှင်များဖြင့် စုစည်းထားခြင်း၊ သိပ္ပံနည်းကျ နက္ခတ်ဗေဒင်ပညာဖြစ်သော KP- Krishnamurthy paddhati ခရစ်ရှနားမူးတီး နက္ခတ်ဗေဒင်ပညာအပြင် ဆင့်ပွားတိုးတက်လာတဲ့ KB - Krishnamurthy Baskaran, KCIL - Khullar Cuspal Interlinks နက္ခတ်ဗေဒင်ပညာနှင့် Numerology ပညာရပ်များကို ပေါင်းစု၍ ခြုံငုံသုံးသပ်ခြင်း၊ နက္ခတ်ပိုင်းဆိုင်ရာ တွက်ချက်မှုများ တိကျမှန်ကန်စေရန် မတူညီသော ခေတ်မီ Astrology ဆော့ဖ်ဝဲ မျိုးစုံကို အသုံးပြု၍ တွက်ချက်ခြင်းဖြင့် မိတ်ဆွေတို့ရဲ့ ဟောစာတမ်းများကို တိကျမှန်ကန်မှုရရှိစေပါသည်။

ပညာရှင်များ စုပေါင်းသုံးသပ် အဖြေထုတ်ပေးသော ဝန်ဆောင်မှု ထားရှိခြင်း

မေးမြန်းသူ၏ ဇာတာအား စိစစ်တွက်ချက်ရာတွင်ပညာရှင် တစ်ဦးထဲမှ သုံးသပ်ခြင်းမဟုတ်ဘဲ ကဏ္ဍ အလိုက် ပိုမိုကျွမ်းကျင်သော နက္ခတ်ဗေဒင် ပညာရှင်များ စုပေါင်း အဖြေထုတ် အကြံပေးမည် ဖြစ်ပါသည်။

အားပေးကူညီ အကြံပေးခြင်း

ကျနော်တို့ StarLight Astrology Group အနေနဲ့ မိတ်ဆွေတို့ရဲ့ အောင်မြင်မှုများ၊ ဘ၀စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ဆုံးရှုံးမှုများနှင့် ဝေခွဲမရနိုင်သည့်ကိစ္စများကို ကိုယ်ချင်းစာနာမှု၊ နားလည်မှု အပြည့်ဖြင့် အကောင်းဆုံး ကူညီ အကြံပေးသွားမှာ ဖြစ်ပါသည်။

ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံစိတ်ချမှုရှိခြင်း

ကျွန်ုပ်တို့ StarLight Astrology Group​သည် ဗေဒင်မေးမြန်းသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား အထူးတန်ဖိုးထားလေးစားပါသည်။ မိတ်ဆွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များနဲ့ တိုင်ပင်ဆွေးနွေးမှုအားလုံးကို StarLight Astrology Group မှ ဟောပြောပေးသူ ပညာရှင်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မှ မသိစေရန် တင်းကျပ်စွာလျှို့ဝှက်ပေးထားမှာ ဖြစ်သောကြောင့် မိတ်ဆွေရဲ့ အခက်အခဲများ ပြဿနာများကို ရင်းနှီး ပွင့်လင်းစွာ မေးမြန်းဆွေးနွေး နိုင်ပါသည်။

လူတစ်ယောက်ချင်းစီတိုင်းအတွက် အသေးစိတ်တွက်ချက်ပေးခြင်း

လူတစ်ဦးချင်းစီတိုင်းမှာ မတူထူးခြားတဲ့ ကံကြမ္မာတွေ ဖြစ်တည်မှုတွေ ရှိကြပါတယ်။ ဒါကြောင့် လူတွေရဲ့ ကံကြမ္မာကို နက္ခတ်ဗေဒင်တွက်ချက်ရာတွင် လူတိုင်းကို ပုံသေနည်းနဲ့ လှေနံ ဓားထစ် တစ်သမှတ်တည်း တွက်ချက်၍ မရပါ။ ကျနော်တို့ StarLight Astrology Group အနေနှင့် မိတ်ဆွေတို့၏ ဇာတာကို တွက်ချက်ရာမှာ တစ်ဦးချင်းစီ၏ ဖြစ်တည်မှု အခြေအနေ အချိန်အခါနှင့် သက်ရောက်မှုများကို ရှုထောင့်ပေါင်းစုံမှ ကြည့်ရှုသုံးသပ်တွက်ချက်ပြီး အဖြေထုတ်ပေးသွားမှာဖြစ်ပါသည်။

ဗေဒင်ဆိုင်ရာဝန်ဆောင်မှုများ စုံလင်စွာဆောင်ရွက်ပေးခြင်း

လူမှုအကျိုးစီးပွားကဏ္ဍမျိုးစုံအတွက် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် နက္ခဗေဒင်၊ နက္ခတ္တဂေဟာဗေဒင်၊ မြန်မာ့ရိုးရာလက်ဆန်းဗေဒင်၊ လက္ခဏာဗေဒင်၊ ဂဏန်းဗေဒင်၊ တားရော့ဗေဒင် ဝန်ဆောင်မှုများ၊ အခါပေးမင်္ဂလာ၊ နာမည်ပေး ကင်မွန်းတပ်မင်္ဂလာ၊ အားကစားပွဲများ အနိုင်အရှုံးခန့်မှန်းပေးခြင်း၊ သဘာဝကျောက်မျက်များရွေးချယ်ပေးခြင်းနှင့် အဆောင်ကျောက်မျက်များ ရောင်းချပေးခြင်းများကို စုံလင်စွာ ဆောင်ရွက်ပေးမှာ ဖြစ်ပါသည်။

ရက်ချိန်းယူရန် မလိုခြင်း

Online နက္ခတ်‌ဗေဒင် ဝန်ဆောင်မှုဖြစ်သည့်အတွက် လိုအပ်သောအချိန်တွင် ရက်ချိန်းစောင့်စရာမလိုအပ်ပဲ အချိန်မရွေး မေးမြန်းနိုင်ပါသည်။

လွယ်ကူ လျင်မြန်သော ဝန်ဆောင်မှုဖြစ်ခြင်း

ဗေဒင်ဝန်ဆောင်မှုများကို အင်တာနက် Website နှင့် Mobile Application မှတဆင့် လွယ်ကူစွာ မေးမြန်းနိုင်ပြီး ဟောစာတမ်းများကို ဝါရင့် နက္ခတ်ဗေဒင်ဆရာကြီးများ အဖွဲ့လိုက်စုပေါင်း၍ အလုပ်လုပ်ခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန်မလိုဘဲ လျင်မြန်စွာ ရရှိနိုင်ပါသည်။

ဒီဂျစ်တယ်ဟောစာတမ်း ဖြစ်ခြင်း

ဟောစာတမ်းများကို Digital ဟောစာတန်းအဖြစ်ပို့ပေးမည်ဖြစ်ပြီး မိမိ၏ StarLight Astrology Account ထဲတွင် မှတ်တမ်းပြုစုထားသောကြောင့် အချိန်မရွေး မိမိ ဖုန်း၊ ကွန်ပျူတာမှ လွယ်ကူစွာဖတ်ရှုနိုင်ပါသည်။

သတိပေးသော Notification စနစ်ထားရှိခြင်း

ဟောစာတမ်းပါ အချက်များတွင် မိမိလုပ်ဆောင်ရမည်များ၊ ဆောင်ရန်၊ ရှောင်ရန်များကို သက်ဆိုင်ရာ နေ့ရက် အလိုက် ပြန်လည်သတိပေးသော Notification စနစ် ထားရှိပေးသွားမှာ ဖြစ်ပါသည်။

Our Missions And Values

လူတစ်ဦးချင်းစီ၏ အားသာချက်၊ အားနည်းချက်များနှင့် အနာဂတ် အလားအလာများကို ရှာဖွေတွေ့ရှိရန် နက္ခတ်ဗေဒင်ဆိုင်ရာ ပညာရပ်ဖြင့် မိမိကိုယ်ကို ပိုမိုနက်နဲသော နားလည်မှု နှင့် ကိုယ်ရည်ကိုယ်သွေးများ တိုးတက်မှုရှိစေရန် အကြံပေးကူညီရန်။

စီပွားရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် အလုပ်အကိုင်၊ လူမှုဆက်ဆံရေး၊ မိသားစုအရေး နှင့် ဘဝ အချိုးအကွေ့များ၊ ဘဝ၏ရှုထောင့်အမျိုးမျိုးတွင် ဆုံးဖြတ်ချက်များချရာတွင် အထောက်အကူဖြစ်စေသော ကံကြမ္မာ အတက် အကျများ၊ အကျိုးပေးသက်ရောက်မှုများ ကို ကျွန်ုပ်တို့၏ နက္ခတ်ဗေဒင်ဆိုင်ရာ ပညာရပ်နှင့် အကြံပေးခြင်းဖြင့် ဗေဒင်မေးမြန်းသူများ၏ ဘဝစီ မံကိန်းများ၊ ဆုံးဖြတ်ချက်များကို ပံ့ပိုးကူညီရန်။

တစ်ဦးချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာ သဘောသဘာ၀များ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်များနှင့် အတွေးအခေါ်များအပေါ် တစ်မူထူးခြားသော ရှုထောင့်ဖြင့် မိမိ၏ ပင်ကိုယ် သဘောသဘာဝကို ပိုမိုလက်ခံနိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုများကို ရရှိနိုင်စေဖို့ နက္ခတ်ဗေဒင်ပညာဖြင့် အကြံပေးကူညီရန်။

ကျွန်ုပ်တို့သည် စုံတွဲများ၏ တစ်ဦးပေါ်တစ်ဦး မတူညီသော စိတ်နေသဘောထားများ၊ အမူအကျင့်များ၊ ဖြစ်တည်မှုများကို အပြန်အလှန် နားလည်နိုင်ကြပြီး ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန်၊ လိုက်ဖက်ညီစေရန် နှင့် ပိုမိုသဟဇာတရှိသော ချိတ်ဆက် ဆက်သွယ်မှုများဖြစ်စေဖို့ အကြံပေး ကူညီရန်။

မိတ်ဆွေတို့ရဲ့ အသိပညာ အတတ်ပညာ နှင့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာ ပညာများ ရှာဖွေ သင်ယူမှုများတွင် မိမိတို့ရဲ့ ပင်ကို အရည်အချင်းများ၊ ပင်ကို သဘာ၀များ နှင့် သဘာ၀ တရားရဲ့ မိမိအပေါ် အကျိုးသက်ရောက်မှုများ လိုက်လျှောညီထွေမှု ရှိစေရန်၊ မိတ်ဆွေနှင့် သဟဇာတ ဖြစ်တဲ့ ပညာရေးလမ်းကြောင်းမှန်ကို လျှောက်လမ်းနိုင်စေရန် နက္ခတ်ဗေဒင်ရှုထောင့်ကနေ လမ်းညွှန်အကြံပေး ကူညီရန်။

ဘ၀ အောင်မြင်သာယာရန် နှင့် အခက်အခဲများနှင့် စိန်ခေါ်မှုကာလများ ကျော်ဖြတ်ရန်အတွက် လုပ်ဆောင်ရာတွင် လုပ်ရပ်များနှင့် အချိန်ကာလများရဲ့ မှန်ကန်ကိုက်ညီမှု၊ ကြိုတင်ပြင်ဆင်မှုများဟာ လွန်စွာ အရေးပါလှပါသည်။ StarLight Astrology Group အနေနဲ့ မိတ်ဆွေတို့ရဲ့ ကောင်းကျိုးများဖြစ်စေမယ့်ကာလများနှင့် ဆုတ်ယုတ်မှုများကြုံတွေ့ရနိုင်တဲ့ ကာလများကို နက္ခတ်ဗေဒင် ရှုထောင့်မှ အကြံပေးပြီး မိတ်ဆွေတို့၏ ဘ၀အောင်မြင်ရေးများ၊ စိန်ခေါ်မှုနှင့် အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် ကူညီရန်။

အခက်အခဲနှင့် အကျပ်အတည်းများကြုံရချိန်များတွင် မိတ်ဆွေတို့အပေါ် သဘာ၀၏ ပြောင်းလဲမှုသဘောများ၊ ဖြစ်တည်မှုများနှင့် ဆက်စပ်သက်ရောက်နေမှုများကို နက္ခတ်ဗေဒင်ရှုထောင့်ဖြင့် အကြံပေးပြီး တည်ငြိမ်မှု၊ လက်ခံနိုင်မှု၊ စိတ်သက်သာရာရစေမှုများဖြစ်စေဖို့ အကြံပေးကူညီရန်။

နက္ခတ်ဗေဒင်နယ်ပယ်တွင် ကျွန်ုပ်တို့ StarLight Astrology Group သည် ကျယ်ပြန့်စွာ သင်ယူလေ့လာမှု၊ သုတေသန နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်တစိုက် ကြိုးပမ်းမှု၊ သမာဓိ၊ ကရုဏာ၊ ရိုးသားမှု၊ စစ်မှန်မှု နှင့် အမြင့်ဆုံးကျင့်ဝတ်စံနှုန်းများကို အခြေခံပြီး တိကျမှန်ကန်သော ဟောစာတမ်းများနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများ ​ပေးရန်။ မိတ်ဆွေတို့ရဲ့ လူမှုဘ၀ကိစ္စ အ၀၀အတွက် ပိုမိုကျယ်ပြန့်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် ကျွန်ုပ်တို့၏ ကွန်ရက်ကို ချဲ့ထွင်သွားနိုင်ရန်။ ကျွန်ုပ်တို့၏ နက္ခတ်ဗေဒင် ဝန်ဆောင်မှု လုပ်ငန်းများသည် မိတ်ဆွေအတွက် ယုံကြည်စိတ်ချရသော မိတ်ဖက်ကောင်းအဖွဲ့အစည်း ဖြစ်ပြီး အမြဲလက်တွဲသွားနိုင်ရန်။ မိတ်ဆွေတို့ရဲ့ လူမှုဘ၀ကိစ္စ အ၀၀အတွက် ပိုမိုကျယ်ပြန့်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် ကျွန်ုပ်တို့၏ ကွန်ရက်ကို ချဲ့ထွင်သွားနိုင်ရန်။

QUESTIONS?

Whether you're curious about features, a free trial, or even press, we're here to answer any questions.