Virgo (Aug 23 - Sep 22)

February 07, 2024

မင်္ဂလာပါ။      

StarLight Astrology က ကြိုဆိုပါတယ် ခင်ဗျာ။ 

 

ခရစ်နှစ် ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ အချိန်အခါ သမယမှာ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားအပေါင်း နှင့် ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့သည်...

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပြီး သကာလ ဘေးဉပါဒ် အန္တရာယ် အသွယ်သွယ်သော ဒုက္ခများ ကင်းဝေးလျက် အလိုရှိအပ်သော အမှုကိစ္စ အဝဝတို့ ပြီးမြောက်ကြပါစေလို့ Starlightastro Group မှ ဆုမွန်ကောင်းတောင်း လိုက်ပါတယ် ခင်ဗျာ။ 


"ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ" 


ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၀, ၁၉, ၂၈, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၁, ၂၀, ၂၉, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၂, ၂၁, ၃၀, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၃, ၂၂, ၃၁, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၄, ၂၃, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၅, ၂၄, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၆, ၂၅, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၇, ၂၆, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၈, ၂၇, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။


နှစ်စဉ်နှစ်တိုင်း (ဩဂုတ် ၂၃ မှ စက်တင်ဘာ ၂၂) အတွင်း မွေးဖွားတဲ့ သူတွေကို ကန် ရာသီဖွား များလို့ ခေါ်ပါတယ်။ 



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကန် ရာသီဖွား ဂဏန်း သမားများ 

လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထစ်အငေါ့ ရှိနေပေမည့် မိမိ၏ စွမ်းဆောင်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက် နိုင်ပါလိမ့်မည်။


 ဝန်ထမ်းများ အဖို့ လုပ်ဖော်ကိုင်ဘက်များ နှင့် ယှဉ်ပြိုင် ဆောင်ရွက်ရာတွင် မိမိ အစွမ်းအစဖြင့် အောင်မြင် ပါ လိမ့်မည်။


 အကြီးအကဲ တို့၏ ဂုဏ်ပြုမှု ကို ခံစားရပါမည်။


 အလုပ်ပြုတ်မလိုဖြစ်နေသူများ၊ အလုပ်နားရမလို ဖြစ်နေသူများ အဖို့ ပြန်လည် အဆင်ပြေပါလိမ့်မည်။


 မိမိမမျှော်လင့်ထားသောဘက် မှ ရပေါက်ရလမ်း ဖြစ်ကာ ငွေဝင်ပါလိမ့်မည်။


 ကံကောင်းနေသူများ အဖို့ကတော့ အိပ်လိုက်စားလိုက် ဖြင့် အလုပ်မလုပ်ပဲ ဇိမ်ကျနေသော ကာလ ဖြစ်ပါသည်။


 ချစ်သူများ အဖို့ကတော့ တူယှဉ်တွဲကာ ပျော်ပွဲဆင်နေသည့် ကာလ တစ်ရပ် ဖြစ်ပါလိမ့်မည်။ 


 အစစ အရာရာ အဆင်ပြေနေသော ကာလ တစ်ခု ဖြစ်ပါလိမ့်မည်။


 သားသမီး တို့၏ စီးပွားရေးလုပ်ငန်းအောင်မြင်မှု ရသည်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်မည့်ကာလ လည်း ဖြစ်ပါသည်။


 ကျန်းမာရေးကတော့ ကောင်းပါတယ်လို့ ပြောလို့ရပေမည့် ရှောင်တခင် ရောဂါလောက်တော့ ဖြစ်နိုင်ပါသည်။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကန် ရာသီဖွား ဂဏန်း သမားများ 


 ကုန်စည် ရောင်း /ဝယ် လုပ်ငန်းရှင်များ အဖို့ စီးပွားရေး အရ အလုပ်ရှုတ်နေသော ကာလ တစ်ခုဖြစ်ပါလိမ့်မည်။ 


 ဈေးအပြောင်းအလဲ မြန်ဆန်မှုအပေါ် အကျိုးအမြတ်ရလိုက်၊ ရှုံးလိုက် ဖြစ်ပေါ် နိုင်ပါသည်။


 အိမ်ခြံမြေ ရောင်းချလိုသူများ၊ ဝယ်ယူလိုသူများ အဖို့ အရောင်း အဝယ် ဖြစ်ကြပါလိမ့်မည်။


 ပွဲစား များလည်း အဆင်ပြေကြပါလိမ့်မည်။


 အွန်လိုင်း စီးပွားရေး လုပ်ငန်းသမားများ အဆင်ပြေကြပါလိမ့်မည်။


 လခစားဝန်ထမ်းများ လည်း အလုပ်ထဲတွင် စိတ်အနှောက်အယှက်ဖြစ်စရာများ ကြုံပါလိမ့်မည်။


 ပညာရေး အတွက် ပြင်ဆင်နေကြသူများလည်း ကြိုးစားထားသမျှ အရာထင်ပါမည်။ 


 ဘွဲ့လွန်တက်ရောက်ဘို့ ကြိုးစားပြင်ဆင်နေသူများလည်း အဆင်ပြေကြပါမည်။


 ချစ်သူများ အကြား အဆင်မပြေ အထစ်အငေါ့လေးတွေ ရှိနိုင်ပါသည်။ 


 မိသားစု ခရီးထွက်ရန် စဉ်းစားနေသူများ လည်း အကောင်အထည်ပေါ်ပါလိမ့်မည်။


 ကျန်းမာရေးကတော့ ကောင်းနေတဲ့ ကာလ တစ်ခုပါ။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကန် ရာသီဖွား ဂဏန်း သမားများ 


ဤကာလ အတွင်း လုပ်သမျှ အရာမထင်နိုင်သောကာလ ဖြစ်သဖြင့် လုပ်ငန်းသစ်များ မစသင့် သလို လက်ရှိ လုပ်ငန်းထဲမှာ ထပ်တိုး ရင်းနှီးမြှုပ်နှံမှု လည်း မပြုသင့်ပါကြောင်း အကြံပေးပါရစေ။


 လခစားဝန်ထမ်းများ အဖို့ အလုပ်ထဲမှာ ပြဿနာတွေ ကို ဖြေရှင်းရနိုင်ပါတယ်။ 


 အပေါ်အောက် အငြင်းပွားမှု တွေလည်း ရှိနိုင်ပါတယ်။ 


 အဆင်မသင့်ရင် အလုပ်ပြုတ်သည် အထိ ဖြစ်နိုင်ပါတယ်။ 


 အိမ်ပြင်ဆင်ခြင်း၊ အိမ်ရှိ စက်ပစ္စည်း ပြင်ဆင်ခြင်း တို့ ဆောင်ရွက်ရဖို့ ရှိပါလိမ့်မည်။


 မိမိ အတွက် လူကြီးသူမတို့ မှ ပေးသော အံ့အားသင့်စရာ လက်ဆောင် ရနိုင်ပါသည်။


 ကျန်းမာရေး ကို လည်း သတိပြုစေလိုပါသည်။


 အစစ အရာရာ သတိထား ဆောင်ရွက်နေထိုင်သင့်သော ကာလ တစ်ခု လို့ အသိပေး လိုပါသည်။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကန် ရာသီဖွား ဂဏန်း သမားများ 


အလုပ်အကိုင်များ ကောင်းမွန်နေသောကာလ တစ်ခု ဖြစ်ပါသည်။


 မိတ်ဆွေများ က လုပ်ငန်းထဲ ငွေထည့် ရင်းနှီးမြှုပ်နှံလိုကြောင်း ပြောကြား လာ လျင် လက်ခံလိုက်ပါ။


 အကျိုးတူ လုပ်ငန်းများ စတင်ဆောင်ရွက်သင့်ပါသည်။


 အိမ်၊ တိုက်ခန်း၊ မြေ ဝယ်ရန် စဉ်းစားနေသူများ ဝယ်ဖြစ်ပါလိမ့်မည်။


 ငွေချေးငှားလိုသူများ က ချေးငှားဘို့ ကမ်းလှမ်းလာမှုကို လက်မခံသင့်ပါ။


 ဝန်ထမ်းများ အနေဖြင့် တနိုင်တပိုင် ကိုယ်ပိုင် စီးပွားရေး ပူးတွဲ လုပ်လိုသူများ စတင်ဖြစ်ပါလိမ့်မည်။


 ချစ်သူများ ကြား အဆင်မပြေတာလေးတွေ ဖြစ်ကြပေမည့် အချစ်တော့ ပျက်ပြယ်လိမ့်မည် မဟုတ်ပေ။


 အိမ်တွင်းရေး ကိစ္စလေးတွေ လည်း ပူညဲပူညံ ဖြစ်နေကြ ဖြစ်ကြဦးမှာပါ။


 ကျန်းမာရေးကိစ္စကတော့ အဆင်ပြေနေပါလိမ့်မည်။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကန် ရာသီဖွား ဂဏန်း သမားများ 


အလုပ်အကိုင် အဆင်မပြေတာလေးတွေ အခက်အခဲလေးတွေ ကြုံတွေ့ ရမှာ ဖြစ်ပေမဲ့ အကျိုး အမြတ် ကတော့ ရှိနေမှာပါ။


 အလုပ်နဲ့ ပတ်သက်ပြီး ခရီးထွက် ရတာမျိုး ရှိလာရင်လည်း ကောင်းသောခရီး ဖြစ်ပြီး အလုပ်ဖြစ်မှာ သေချာပါတယ်။


 ဒီလ အတွက် ကတော့ မြေ နှင့် ပတ်သက်တာတွေ အလုပ်ဖြစ်မှာပါ။


 စာမေးပွဲဖြေဆိုမည့် ကျောင်းသားများ အတွက်ကတော့ အဆင်ပြေချောမွေ့စွာနဲ့ ကျက်မှတ်ထားတာတွေ နှင့် တိုးပြီး ဖြေဆိုနိုင်မှာသေချာပါသည်။


 ဘွဲ့လွန်တက်ဘို့ ပညာသင်သွားဘို့ စီစဉ်နေသူတွေလည်း တက်ရောက်ခွင့် အကြောင်းကြားတာတွေ လက်ခံ ရရှိနိုင်ပါတယ်။


 ခရီးဝေး ထွက်ဘို့ ပြင်ဆင်နေသူတွေလည်း ထွက်ခါနီး မှ ပျက်ပါလိမ့်မည်။ 


 ဖခင် ရဲ့ ကျန်းမာရေး ကိစ္စတော့ ဒီကာလ မှာ သတိပြုစေလိုပါသည်။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကန် ရာသီဖွား ဂဏန်း သမားများ 


 လက်လွှဲ ဝယ်ရောင်းသမား များ အလုပ်ဖြစ်မည့် ကာလ တစ်ခုပါ။


 အထူးသဖြင့် ယာဉ်ကား ဝယ်ရောင်းသမား များ အလုပ်ဖြစ်ပါလိမ့်မည်။ 


 အစပိုင်းမှာ ပိုက်မိထား သလို ဖြစ်ပြီး နောက်မှ အကျိုးအမြတ်ကြီးကြီး ရပါလိမ့်မည်။


 ဝန်ထမ်းများ အဖို့ အလုပ်နေရာ အပြောင်းအလဲများ ရှိနိုင်ပါသည်။


 ဝန်ထမ်းများ အဖို့ မမျှော်လင့်ထားသော ဆုကြေးငွေ၊ လက်ဆောင်ငွေ ရပါလိမ့်မည်။


 မိမိထက်ငယ်သော ညီ ညီမများ၏ အကူအညီ ကို ရရှိပါလိမ့်မည်။


 မိခင်၏ ကျန်းမာရေး သတိပြုစေလိုပါသည်။


 နေအိမ်သစ်မှာ ပြောင်းရွှေ့နေထိုင်ဖို စီစဉ်ထားသူများ ပြောင်းရွှေ့ ဖြစ်ပါလိမ့်မည်။


 ပညာသင်ကြားဆဲ စာမေးပွဲ ဖြေမည့် သူများလည်း ဖြေဆိုနိုင်ကြမှာပါ။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကန် ရာသီဖွား ဂဏန်း သမားများ 


 အလုပ်အကိုင်တွေ လုပ်ငန်းတွေ က အခက်အခဲတွေကြားထဲ ကောင်းနေပေမည့် အကျိုးအမြတ်ကတော့ သိပ်မရနိုင်ပါ။


 အကျိုးတူပူးပေါင်းလုပ်တဲ့ လုပ်ငန်းတွေ မှာတော့ အကျိုးအမြတ်ရနိုင်ပါသည်။


 စက်ပစ္စည်းတွေ ဝယ်ယူမည့် သူတွေ အနေနှင့် သတိပြုဝယ်ယူသင့်ပါသည်။ အဟောင်းကို အသစ်ဈေး ပေး ဝယ်ယူဖြစ်တတ်ပါသည်။


 လခစား ဝန်ထမ်းတွေ အနေနှင့် ကောင်းသတင်းတွေကြားရပေမည့် အလုပ်ထဲမှာ အခက်အခဲတွေ ရှိနေတတ် ပါသည်။


 အလုပ် အတွက် ခရီးသွားမည့် သူတွေ အတွက် အထစ်အငေါ့လေးတွေ ရှိတတ်ပါသည်။


 မိမိရဲ့ ငွေကြေး အခက်အခဲ ကို မိခင် ထံမှ အထောက်အပံ့ အကူအညီ ရရှိ နိုင်ပါသည်။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကန် ရာသီဖွား ဂဏန်း သမားများ 


 ကိုယ်ပိုင်စီးပွားရေး လုပ်ငန်း သမားတွေ အတွက်ကတော့ ကံကောင်းသောလ တစ်လ မဟုတ်ပါ။


 လုပ်ငန်း တွေ မှာ အခက်အခဲမျိုးစုံကြုံတွေ့ရင်း လုပ်ငန်းလည်ပတ်နေရပါလိမ့်မည်။


 လုပ်ငန်းတွေ နှောင့်နှေး ကြန့်ကြာမှု နဲ့ ရင်ဆိုင်ရပါလိမ့်မည်။


 လုပ်ငန်းတူ နှင့်ပတ်သက်ပြီး ယှဉ်ပြိုင်ဆောင်ရွက်ရမှုတွေ ကြုံတွေ့ရနိုင်ပါသည်။ မိမိဘက်က အနိုင်ရ ပါလိမ့်မည်။


 မထင်မှတ်သောဘက် မှ တလုံးတခဲထဲ ငွေ ဝင်ရောက်လာနိုင်ပါသည်။


 လခစား ဝန်ထမ်းတွေ အတွက် ကလည်း မရေမရာ ဖြစ်နေဦးမည့် ကာလ တစ်ခုပါ။


 လက်ထပ်ဖို့ စီစဉ်နေတဲ့ ချစ်သူတွေ အဖို့ လက်ထပ်ဖြစ်ပါလိမ့်မည်။


 အိမ်ထောင်ရေးကိစ္စတွေကတော့ အထစ်အငေါ့လေးတွေ အဆင်မပြေမှုလေးတွေ ရှိပါလိမ့်မည်။


 ကျန်းမာရေး ကတော့ အထူး သတိပြုရမည့် ကာလ တစ်ခုပါ။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကန် ရာသီဖွား ဂဏန်း သမားများ 



 ကုန်စည် ရောင်း /ဝယ် လုပ်ငန်းရှင်များ အဖို့ ဈေးအပြောင်းအလဲ မြန်ဆန်မှုအပေါ် အကျိုးအမြတ်ရလိုက်၊ ရှုံးလိုက် ဖြစ်ပေါ် နိုင်ပါသည်။


 အိမ်ခြံမြေ ရောင်းချလိုသူများ၊ ဝယ်ယူလိုသူများ အဖို့ အရောင်း အဝယ် ဖြစ်ကြပါလိမ့်မည်။


 ပွဲစားများ အကျိုးဆောင်များလည်း အဆင်ပြေကြပါလိမ့်မည်။


 အွန်လိုင်း စီးပွားရေး လုပ်ငန်းသမားများ အဆင်ပြေကြပါလိမ့်မည်။


 လခစားဝန်ထမ်းများ လည်း အလုပ်ထဲတွင် အတိုက်အခိုက်များ ဂျောက်တွန်းမှုများ ကြုံပါလိမ့်မည်။


 ပညာရေး အတွက် ပြင်ဆင်နေကြသူများလည်း ကြိုးစားထားသမျှ အရာထင်ပါမည်။ 


 ချစ်သူများ အကြား အဆင်မပြေ အထစ်အငေါ့လေးတွေ ရှိနိုင်ပါသည်။ 


 အလုပ်အတွက် ခရီးထွက်ရန် ပြင်ဆင်နေသူများ လည်း အိမ်တခေါက်ပြန်ပြီး မှ အကောင် အထည်ပေါ်ပါလိမ့်မည်။


 ကျန်းမာရေးကတော့ ကောင်းနေတဲ့ ကာလ တစ်ခုပါ။



ချစ်မိတ်ဆွေတို့ရေ အခု တင်ဆက်ဖော်ပြပေးနေတဲ့ တစ်ဆယ့်နှစ်ရာသီအတွက် နက္ခတ်ဗေဒင်ပညာ အဟောတွေကို ယေဘုယျ အဟောများတင်ဆက်ပေးနေရာမှ ပိုမို တိကျ သေချာတဲ့ ဟောကိန်းတွေကို တဆင့်ပြီးတဆင့် ပိုမိုကောင်းမွန် မှန်ကန်တဲ့ ဟောပြောမှုများ အဖြစ် ဆက်လက် တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။ 


      

နောက်ပိုင်းတွေမှာ ရာသီအလိုက် နက္ခတ်စီးစနစ် တွေပါ ရေးသားတင်ဆက် ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Starlightastro Group ကို Like & Follow လုပ်ထားဖို့တော့လိုပါတယ်နော်။ 


      

တဦးတယောက်ချင်းစီအတွက် တိကျမှန်ကန်သေချာတဲ့ ဟောပြောမှုကို လိုချင် ပါလျင် အတွေ့အကြုံ ရင့်ကျက်တဲ့ နက္ခတ္တဗေဒင် ပညာရှင်ကြီးတွေနဲ့ စုပေါင်းဖွဲ့စည်း ထားတဲ့ StarLight Astrology မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

     

ချစ်မိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး အောင်မြင်မှုပန်း တိုင်ကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။


#Starlightastro Group#



Monthly horoscopes

horoscope/yUBWqz3BzRU9rs6NxXB9pIzi7rHqeAoj0CZLydry.png

Aries

Mar 21 - Apr 19

horoscope/I9Cf12WsNJeoe9juFIYu0lmgq1tZb6TteYMVuv9T.png

Taurus

Apr 20 - May 20

horoscope/oLxkVsOiamG69X9yqSLhxeoT464jhGZaeUIHgObF.png

Gemini

May 21 - Jun 20

horoscope/RDnH9Zwmep6PbeMyaOcak17vaRBPFZ0TVSCW0KAI.png

Cancer

Jun 21 - Jul 22

horoscope/3lXJfygmyGRc9vVDqTL275pfCv3uIkIxpqxiz9Fq.png

Leo

Jul 23 - Aug 22

horoscope/dE2MvlI9n9747f2jz6KDnikznDBTsKh5PjEcpr1s.png

Virgo

Aug 23 - Sep 22

horoscope/PVd9Pojv2P1aLr3MPPapQ6TiKW2U5bCcqQP04VRg.png

Libra

Sep 23 - Oct 22

horoscope/aMFFRU6I0dMfPMq2hZA8lF6WaZmvXz6whSQOgrCU.png

Scorpio

Oct 23 - Nov 21

horoscope/YjWuT3Tuz24O2YPa6YFP7uEpBrWcl9GpHoq6chug.png

Sagittarius

Nov 22 - Dec 21

horoscope/jyi3DVYRH8QNBEOKSRqhjVy3bSJlriMLTlmbfDvB.png

Capricorn

Dec 22 - Jan 19

horoscope/Ldni2XMtt9HmizvRXN2KsbLtPmvA7LTiZRpCeho4.png

Aquarius

Jan 20 - Feb 18

horoscope/nsRIfi2ZEFkOMSsMpFYwir70DgO3kjT96mmg9jtX.png

Pisces

Feb 19 - Mar 20