Aries (Mar 21 - Apr 19)

February 07, 2024

မင်္ဂလာပါ။ 


StarLight Astrology က ကြိုဆိုပါတယ် ခင်ဗျာ။ 


ခရစ်နှစ် ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ အချိန်အခါ သမယမှာ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားအပေါင်း နှင့် ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့သည်...

 စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပြီး သကာလ ဘေးဉပါဒ် အန္တရာယ် အသွယ်သွယ်သော ဒုက္ခများ ကင်းဝေးလျက် အလိုရှိအပ်သော အမှုကိစ္စ အဝဝတို့ ပြီးမြောက်ကြပါစေလို့ Starlightastro Group မှ ဆုမွန်ကောင်းတောင်း လိုက်ပါတယ် ခင်ဗျာ။ 


"ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ" 

 


နှစ်စဉ်နှစ်တိုင်း (မတ်၂၁ မှ ဧပြီ ၁၉) ရက်တွေမှာ မွေးဖွားတဲ့ သူတွေကို မိဿရာသီဖွား များလို့ ခေါ်ပါတယ်။ 


 

မိဿရာသီဖွား ( ဂဏန်းသမားများအတွက် )

() ဂဏန်း ကိုယ်စားပြု () နွေ - () လာနက္ခတ်စီး -[ X IX I VII V IV ]

မိမိပိုင် တနိုင်တပိုင်စီးပွားရေး ပြုလုပ်နေသူများ အတန်ငယ် ရုန်းကန်နေရမည့် အနေ အထားမှာရှိသည်။ စပ်တူလုပ်ငန်းများတွင်လည်း အားကြိုးမာန်တက် ကြိုးပမ်း လုပ်ကိုင်နိုင်မှ သာ လျှင် လုပ်ငန်းတူများ ကြားတွင် ရှင်သန်နိုင်မည့် အခြေအနေကိုပေးမည် ဖြစ်သောကြောင့် ကြိုးစား တိုက်ခိုက်နေရပေမည်။ 


လုပ်ငန်းကိစ္စနှင့် ခရီးဝေး ခရီးရှည် သွားလာရန် ကိစ္စ ပေါ်ပေါက်မည်။ ဝန်ထမ်းဖြစ်လျှင် အလုပ် ရှုပ် စိတ်ပင်ပန်းနေရမည့် ကာလပင်ဖြစ်လေသည်။ ငွေရေးကြေးရေး အခြေအနေသည် ကျပ်တည်း သည် မဟုတ် ပေါများသည်လည်းမဟုတ်ပဲ ရလိုက်သုံးလိုက် လုံးလည်ချာလည်ရိုက်နေမည်။ 


ငွေကြေး လာဘ်လာဘအတွက် ကောင်းသော အချိန်အခါမဟုတ်သေးပါသဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အစီအစဥ◌်ရှိပါက ခဏတဖြုတ် ဆိုင်းငံ့ကာ အခြေအနေကို ပို၍ တိတိ ကျကျ စုံစမ်းလေ့လာပြီးမှသာ ရှေ့ဆက်တိုးပါရန် အကြံပြုလိုပါသည်။ 


 ချစ်ခရီးလမ်းတွင် အနှောက်အယှက်များ၊ အတိုက်အခိုက်များ ဖြစ်ပေါ်နေပြီး စိတ်အေးချမ်းမှု မရနိုင်ပါ။ ချစ်သူနှင့် ညှိနှိုင်းမှု မအောင်မြင်ပဲ တယောက်နဲ့တယောက် မျက်မုန်းကျိုးနေလျက်ရှိမည်။ မတည့် အတူနေသဘောမျိုးဖြင့် တကျက်ကျက် ရန်ဖြစ်နေရလိမ့်မည်။ လုပ်ငန်းခွင် အရည်အသွေး မြှင့်တင်ပေးသော သင်တန်းမျိုး တက်ရောက်သင်ကြားခွင့် ရရှိပါမည်။ 

 


မိဿရာသီဖွား ( ဂဏန်းသမားများအတွက် )

() ဂဏန်း ကိုယ်စားပြု () လာ- () လာနက္ခတ်စီး - [ X IX I VII V IV ]

နေအိမ်တွင် စိတ်ချမ်းမြေ့စရာ မဂ်လာအမှုများ ပေါ်မည်။ အိမ်သူအိမ်သားများ ချစ်ချစ်ခင်ခင်ဖြင့် စည်းလုံးပျော်ရွှင်နေသည့် ကာလကောင်းဖြစ်သည်။ မိခင်မှ ဦးစီးသော အလှူအတန်း ပြုလုပ်မှုများ ရှိနေမည်။ သားချင်းများ၏ လူမှုရေး စီးပွားရေး ဖြစ်ထွန်းအောင်မြင်နေပြီး ကောင်းသောသတင်းများသာ လက်ခံရရှိနေပေမည်။ 


ကိုယ်ပိုင်လုပ်ငန်းတွင် ကိုယ်တိုင်ဦးစီးဦးဆောင်ပြီး တွန်းတွန်းတိုက်တိုက်လုပ်နေရပေလိမ့်မည်။ အိမ်၊ မြေ၊ ယာဉ်၊ ကား တို့နှင့် ဆက်စပ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများ အလုပ်ဖြစ်မည့် အချိန်အခါဖြစ်သည်။ ခရီး သွားရမည့် အကြောင်းအရာ ကိစ္စများ ပေါ်ပေါက်လိမ့်မည်။ အချစ်ရေး ကံခေနေမည်။ ငယ်ရွယ်သူများ ရတာမလို လိုတာမရဖြစ်တတ်သည်။ 


 ချစ်သူရည်းစား ရှိပြီးသူများ သည်လည်း ဘုနှင့်ဘောက်ဖြစ်နေပြီး အချစ်ရေး မေတ္တာရေးကို စိတ်ကုန်နေတတ်ကြသည်။ အိမ်ထောင်ရေးတွင် အချင်းချင်း ရန်လိုနေမှုများနေတတ်သည်။ မေတ္တာဖြင့်သာ အောင်နိုင်ပေလိမ့်မည်။ ပညာရေးတွင် ကြိုးစားအားထုတ်မှု၏ အသီးအပွင့်ဖြစ်သော ကောင်းမွန်သော ရလဒ်များ ရရှိပေမည်။ ကျန်းမာရေးအတွက်တော့ အထူးစိုးရိမ်စရာ မရှိပါချေ။ 

 


မိဿရာသီဖွား ( ဂဏန်းသမားများအတွက် )

() ဂဏန်း ကိုယ်စားပြု () တေး- () ဟူးဘုတ္တိနက္ခတ်စီး -[ I VII X V XII VI XI ]

လုပ်ငန်းကိုင်ငန်းများ ကိုယ့်စိတ်ကြိုက်လည်ပတ်နိုင်မည့် ကာလဖြစ်သည်။ အလုပ်မှ အောင်မြင်မှုများ စတင်ရရှိလာလိမ့်မည်။ မိမိ၏လုပ်ငန်းကို လူသိများလာခြင်း ဖောက်သည်သစ်များ ရရှိခြင်း ဈေးကွက်ကို သိမ်းပိုက်နိုင်ခြင်းမျိုး ရှိမည်။ 


ခေါင်းဆောင်များ လက်အောက်ငယ်သား တပည့်တပန်းများကို သေချာကျနစွာစည်းရုံးနိုင်ပြီး မိမိလိုလားသလို ကြိုးကိုင်စေခိုင်းနိုင်လိမ့်မည်။ ဝန်ထမ်းများ လုပ်ငန်းခွင်ထဲတွင် မျက်နှာ ပန်းလှနေတတ်သည်။ လုပ်သမျှ အောင်မြင်ပြီး အထက်လူကြီးများ၏ ချီးကျူးမှုကို ခံယူရရှိလိမ့်မည်။ အလုပ်ခွင်ရှိ ပြိုင်ဖက်များကို ယှဉ်ပြိုင်အလဲထိုးနိုင်မည်။ 


ယခုအချိန်တွင် ကိုယ်ပိုင်လုပ်ငန်းကို အစပြုလိုသူများ စတင် ဆောင်ရွက်နိုင်သည်။ ဝန်ထမ်းအလုပ်နှင့် ကိုယ်ပိုင်လုပ်ငန်း တွဲ၍လုပ်ကိုင်ပါကလည်း အောင်မြင်မည်သာဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများ စတင်ထားသင့်သော အခါကောင်းဖြစ်ပေသည်။ 


မိမိ၏ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပေးရမည့် ကာလဖြစ်သည်။ ဆေးရုံ ဆေးခန်းကို မကြာခဏ သွားရောက်ရမည်။ ရောဂါဟောင်း ရောဂါသစ်များ ပေါ်ပေါက်လာတတ်ပြီး ဆေးကုသမှု ခံယူရန်လိုအပ်မည်။ သို့ပါသော်လည်း ဆရာကောင်း သမားကောင်းနဲ့ တွေ့ကာ အနာနဲ့ ဆေးတွေ့ကိုက်ညီပြီး နောက်ဆုံးတွင် သက်သာပျောက်ကင်းပါလိမ့်မည်။ ယခုလတွင် ပညာရေးအတွက်တော့ လုပ်သလောက် အကျိုးရှိစေလိမ့်မည်။ 



မိဿရာသီဖွား ( ဂဏန်းသမားများအတွက် )

() ဂဏန်း ကိုယ်စားပြု ရာဟု- ရာဟုဘုတ္တိစီး  -[ IV V I X IX ]

အလုပ်အကိုင် အနည်းငယ် ကျပ်တည်းနေလိမ့်မည်။ ယှဉ်ပြိုင်နေရသော အသိုင်းအဝန်းတွင် အတော်လေး ကြိုးကြိုးစားစား ရုန်းကန်နေရလိမ့်မည်။ လာဘ်လာဘများ ပိတ်နေတတ်ပြီး ရရှိရမည့် ငွေများပင် ရရန်ခက်နေလိမ့်မည်။ 


ဤကာလတွင် ငွေချေးမိပါက ဆုံးရှုံးတတ်မည်။ လူရင်းဖြစ်ပါစေ ငွေကြေး လက်မလွန်မိပါစေနှင့်။ အလုပ်အကိုင် အလှုပ်အပြောင်းရှိမည်။ အလုပ်တွင် တည်ငြိမ်မှုမရရှိနိုင်သေးပါ။ အလုပ်ထွက်ခြင်း၊ တနေရာမှ တနေရာပြောင်းရခြင်းမျိုး ဖြစ်မည်။ 


 အချစ်ရေးတွင် ပန်းခင်းလမ်းကိုလျှောက်နေရမည် ဖြစ်သည်။ ချစ်သူ၏ ဂရုတစိုက် ချစ်ခင် မှုများကို မြတ်မြတ်နိုးနိုး ပိုင်ဆိုင်ရမည့် ကာလပင်ဖြစ်သည်။ ချစ်သူရည်းစားမရှိသေးသူများ ချစ်ရေး ချစ်ရာ ပေါ်ပေါက်မည်။ မေတ္တာကမ်းလှမ်းမှုများ တယောက်ထက်မကရှိလိမ့်မည်။ 


ပညာရေး အတွက်အချိန်ကောင်းဖြစ်သည်။ ကြိုးစားအားထုတ်မှုများ အရာထင်ပြီး ဂုဏ်ထူးနှင့် အောင်မြင်မှုများ ရရှိပါလိမ့်မည်။ ဘွဲ့လွန်သင်တန်း တက်ရောက်ခွင့် ရရှိခြင်းမျိုး ရှိမည်။ အဆင့်မြင့် ပညာရပ်များကို သင်ယူရပေမည်။ 


 မိမိမျှော်မှန်းထားသော ပညာရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မည် ဖြစ်သည်။ သားရေး သမီးရေးအတွက်မူ မိမိ၏သားသမီးများရဲ့ လုပ်ငန်းအောင်မြင်မှု၊ ပညာရေးသတင်းကောင်းများ ကြားရမှု၊ ပျော်ရွှင်ဖွယ် သတင်းများ လက်ခံရှိမည်။ 


မိဿရာသီဖွား ( ဂဏန်းသမားများအတွက် )

() ဂဏန်း ကိုယ်စားပြု () ဟူး- () နွေနက္ခတ်စီး  -[ II VIII X I VII ]

ဘဏ်တွင်ချေးငွေလျှောက်ထားသူများ ရရှိမည်။ ဖခင်မှာ အဆင်ပြေနေပြီး မိမိအား ထောက်ပံ့ ပေးကမ်းမှုရှိမည်။ သူတပါး၏ ငွေကို ရင်းနှီးကာဖြင့် လုပ်ငန်းစတင်နိုင်မည် ဖြစ်သည်။ ယခုမှ လုပ်ငန်းအစပြုကာ ကြိုးစားနေသောကာလ ဖြစ်သည်။ 


အထိုက်အလျှောက် ငွေဝင်ခြင်းရှိမည်။ မိမိမျှော်မှန်းသလောက်တော့ ငွေကြေးအဆင် ပြေမှုရရှိရန် မလွယ်ကူသေးပါချေ။ မျှော်လင့်ထားသည်လောက် ဝင်ငွေမရရှိခြင်းကြောင့် စိတ်ပျက် လက်ပျက် ဖြစ်ရမည်။ ယခုကာလတွင် လုပ်ငန်းအစပြုမှုများ၊ ရင်းနှီးမြှုပ်နှံများများ လုပ်ကိုင်နိုင်ပါသည်။ 


စပ်တူလုပ်ငန်းများအတွက်လည်း ကောင်းပါသည်။ သေချာစနစ်တကျတော့ ကြိုးပမ်းရလိမ့်မည်။ ရုတ်တရတ် အိမ်ထောင်ကျခြင်းမျိုး ဖြစ်နိုင်သည်။ ခန်းဝင်ပစ္စည်း အလျှံပယ်ရရှိလိမ့်မည်။ အိမ်ထောင်ဘက် ကြီးပွားချမ်းသာမည့် အချိန်ကာလဖြစ်သည်။ ခင်ပွန်း/ဇနီးမှ ဝင်ငွေကောင်းနေတတ်ပြီး ထို့အတွက် ဝမ်းမြောက်ရမည်။ သား/သမီးတို့ ခရီးတိုသွားခြင်း ရှိမည်။ မတော်တဆ ထိခိုက်မှုလေးများ ဖြစ်ပေါ်နိုင်သည်ဖြစ်သောကြောင့် အရာရာ သတိနှင့်နေပါလေ။ 


မိဿရာသီဖွား ( ဂဏန်းသမားများအတွက် )

ဂဏန်း ကိုယ်စားပြု ၆ကြာ- ၆ကြာနက္ခတ်စီး  - I VI XI V XII VII X

ကိုယ်ပိုင်စီးပွားရေးမှ အကျိုးအမြတ်များစွာ ရရှိအောင်မြင်နေပေလိမ့်မည်။ မိမိပိုင်လုပ်ငန်း အစပျိုးလိုသူများ အဆင်ပြေချောမွေ့နေလိမ့်မည်။ အလုပ်တွင်အပြိုင်အဆိုင်များကိုအနိုင်ပိုင်းနိုင်၍ ကျေနပ်အားရဖြစ်နေပေလိမ့်မည်။ 


 မိမိ မျှော်မှန်းထား မျှော်လင့်ထားခဲ့သော အရာများကို ရယူပိုင်ဆိုင်နိုင်လိမ့်မည်။ လုပ်ငန်းခွင်တွင် လုပ်ဆောင်နိုင်စွမ်းတိုးကာ ဂုဏ်ပြုဆုလက်ဆောင်များပါ လက်ခံရရှိလိမ့်မည်။ မိဿရာသီဖွား ဝါရင့် အနုပညာရှင်များ ဂုဏ်ထူးဆောင်ဆုရဖွယ်ရှိမည်။ 


  

ဤကာလတွင် ကျန်းမာရေးအထူး သတိပြုပါ။ အင်မတန်ကျန်းမာသူများပင်လျှင် အခန့်မသင့်၍ ကျန်းမာရေး ဆိုးဝါးစွာ ချွတ်ယွင်းတတ်သည်။ အရေးပေါ်ဌာနသို့ တင်ရခြင်း၊ ဆေးရုံတက်ရခြင်းမျိုးများ ဖြစ်တတ်သည်။ ကြိုတင်ကာကွယ်ခြင်းသည် အခြေအနေဆိုးဝါးမည်ကို အတန်ငယ်ထိန်းသိမ်းနိုင်မည် ဖြစ်ပါသောကြောင့် အစာစား၊ ဆေးစား၊ ရေချိုး ခြင်းများကို အချိန်နှင့်လုပ်ပါရန် သတိပေးလိုသည်။ အချစ်ရေး ငြိမ်းချမ်းနေမည်။ ငယ်ရွယ်သူများ မေတ္တာရေးကိစ္စများ ပေါ်ပေါက်မည်။ 


ရည်ငံသူရှိပြီးသူများ အတွက်တော့ နှစ်ကိုယ်တူပေါင်းဖက်နိုင်ရန်အတွက် ဆွေးနွေးမှုများ စတင်နေချိန်ဖြစ်သည်။ ပညာရေးအတွက် နိုင်ငံရပ်ခြားသို့ သွားရောက်ရန် ကြိုးပမ်းနေသူများ အောင်မြင်မည်။ 


မိဿရာသီဖွား  ( ဂဏန်းသမားများအတွက် )

() ဂဏန်း ကိုယ်စားပြု () ကိတ်- ရာဟုဘုတ္တိစီး  - [ IV V I X IX VII ]

စွမ်းရည်အဆင့်မြှင့်တင်ရန်အတွက် အသိပညာ အတတ်ပညာများ ဆည်းပူးလေ့လာနေသော အချိန်ကာလဖြစ်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်သူများ အလုပ်နှင့်သက်ဆိုင်သော ကောင်းနိုးရာရာများကို ထပ်မံလေ့လာချင်စိတ်ပြင်းပြနေမည်။ ဝန်ထမ်းအနေဖြင့်လည်း ဌာန ကိုယ်စား အဆင့်မြင့်သင်တန်းများ တက်ရောက်ရခြင်းမျိုးကြုံမည်။ 


 

လုပ်ငန်းကိုင်ငန်းတွင် ရရစားစားသာဖြစ်နေသေးသည်။ ငွေကြေး စုဆောင်းနိုင်မှုလည်း အားနည်းနေသည့် အချိန်ဖြစ်သည်။ လာဘ်ပိတ် လာဘ်တိတ်ခြင်းများ လျော့ပါးစေရန် မရှိသူများအား တတ်အားသရွေ့ပေးကမ်းခြင်းဖြင့် ဒါနယတြာ ပြုလုပ်လိုက်ပါ။ အလုပ်နားရခြင်း အလုပ်ထွက်ခြင်းများ ယခုအချိန်ကာလတွင် ဖြစ်တတ်သည်။ 


 ချစ်သူနှင့် နားလည်မှုလွဲနေတတ်သည်။ တခြားလူမှုရေးကိစ္စအကြောင်းအရာများကြောင့် အချစ်ရေးမှာ အနှောင့်အယှက်ဖြစ်ကာ အေးချမ်းသာယာမှုမရှိတတ်ပါ။ မိမိဘက်မှစ၍ အလျော့ပေး ဆက်ဆံခြင်းသည် ပျော်ရွှင်ချမ်းမြေ့ရမည့်လမ်းစ ဖြစ်သည်။ 


 အိမ်ထောင်ရေး အိမ်တွင်းရေးတွင် သွေးအေးနေတတ်သည်။ မိမိမရောက်ဖူး မသွားဖူးသော ဒေသသစ် နေရာသစ်များသို့ ခရီး သွားလာရခြင်းမျိုး ရှိတတ်သည်။ ပညာရေးတွင် ဂုဏ်သိက္ခာရှိသော ဆုလာဘ်များ လက်ခံပိုင်ဆိုင်ရမည်။ 


မိဿရာသီဖွား ( ဂဏန်းသမားများအတွက် )

() ဂဏန်း ကိုယ်စားပြု စနေ- စနေဘုတ္တိစီး  -[  IV V I II III ]

ဤကာလတွင် ကိုယ်စားလှယ်၊ ပွဲစား၊ အကျိုးဆောင်များ စသည့် လုပ်ငန်း လုပ်ကိုင် သူများအတွက် အကျိုးအမြတ်များပြားမည့် အချိန်ကာလပင်ဖြစ်သည်။ လုပ်စရာ ရှိသည်များကို အကြွေးမထားပဲ ရှေ့တိုးလုပ်ကိုင်ခြင်းဖြင့် အောင်မြင်တိုးတက်မှုရရှိမည်။ ယခုလတွင် စာချုပ်စာတမ်း ပြုလုပ်ခြင်း၊ ညှိနှိုင်းအောင်မြင်ခြင်းတို့ရှိမည်။ 


အိမ်၊ ခြံ၊ မြေ၊ ယာဉ်၊ ကား နှင့် သက်ဆိုင်စပ်ဆက်သည့် လုပ်ငန်းများ တိုးတက်ကြီးပွားမှုရမည်။ ငွေကြေးအဝင်များနေတတ်သော်လည်း လုပ်ငန်းထဲသို့သာ ရင်းနှီးငွေအဖြစ်ပြန်လည် မြုပ်နေမည် သာဖြစ်သည်။ ပေါပေါများများ မသုံးစွဲနိုင်သေးသဖြင့် စိတ်ပျက်နေရတတ်သည်။ 


ချစ်ခြင်းမေတ္တာကိစ္စရပ်များတွင်တော့ သိပ်မဆိုးသော ကာလတခုဖြစ်ပေသည်။ ချစ်မေတ္တာ ကမ်းလှမ်းသူများ ရှိနေတတ်သည်။ ကမ်းလှမ်းသူများသည် သင့်တော်သူမဟုတ်နေခြင်း သို့မဟုတ် မိမိမှ မနှစ်သက်ခြင်းကြောင့် တကိုယ်တည်းသာ ဖြစ်နေရလိမ့်မည်။ 


 မိသားစုနှင့်တော့ တကွဲတပြားနေနေရပေလိမ့်မည်။ ပညာရေးကိစ္စများ ဖြစ်ထွန်း အောင်မြင်မည်။ ကျန်းမာရေးနှင့် ပတ်သက်၍တော့ အထူးသတိထားစရာမရှိပါ။ 


မိဿရာသီဖွား ( ဂဏန်းသမားများအတွက် )

() ဂဏန်း ကိုယ်စားပြု (၃ဂါ-) ၆ကြာနက္ခတ်စီး  -[ I VI XI V XII VII X ]

ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူများ မြေကြီးမှ ရွှေသီးမည့်ကာလဖြစ်သည်။ လုပ်ငန်းကိုင်ငန်း အဆင်ပြေ အောင်မြင်နေပေမည်။ လုပ်ငန်းတူများထက် နှာတဖျားသာနေသော အနေအထားသို့ ရောက်ရှိနေလိမ့်မည်။ ယခင် ကြိုးစားအားထုတ်မှုများ၏ အသီးအပွင့်ကို ခံစားစံစားနေရမည့် အချိန်ဖြစ်သည်။ 


လုပ်ငန်းသစ်စရန်လည်း အချိန်အခါကောင်းဖြစ်သည်။ ကုမ္ပဏီဝန်ထမ်း ဖြစ်လျှင် မိမိအစွမ်းအစ အရည်အချင်းများကို ထုတ်ဖော်ပြသခွင့်ရရှိပြီး ဌာန၏ ချီးကျူးအလေးပေးမှုကို ခံယူရရှိလိမ့်မည်။ 

မိမိကိုယ်တိုင်၏ ကျန်းမာရေးအတွက် သေသေချာချာ သတိပြုရမည့်ကာလဖြစ်သည်။ အပ်နဲ့ ထွင်းလို့ရစဉ် သေချာကုသရန်လိုအပ်သည်။ သာမန်ဖြစ်ရိုးဖြစ်စဉ်ဟု ထင်ပြီး မေ့မေ့ပျောက် ပျောက် မထားပဲ နားလည်သိကျွမ်းသူများ နှင့် ဂရုတစိုက် စစ်ဆေးပြသသင့်သည်။ 


ကျန်းမာရေးအခြေအနေ ပြင်းထန်မှုများ ဖြစ်ပြီး ဆေးမီးတိုနှင့် ကုနေရာမှ ဆေးရုံဆေးခန်းကြီးသို့ သွားရောက်ကုသရမည်အထိ စိုးရိမ်ရမှုရှိမည်။ သာယာသော မေတ္တာရေး အခြေအနေတွင်ရှိမည်။ ချစ်သူရည်းစား မရှိသူများ ချစ်သူရည်းစား ရလိမ့်မည်။ ရှိပြီးသူများ ချမ်းမြေ့ သော အချစ်ခရီးလမ်းကိုလျှောက်လှမ်းနေသောကာလ ဖြစ်သည်။ မိမိ၏ အရည်အချင်းကြောင့် နိုင်ငံရပ်ခြားကျောင်းတွင် ပညာသင်ဆုရရှိခြင်းမျိုး ရှိလိမ့်မည်။ 


ချစ်မိတ်ဆွေတို့ရေ အခု တင်ဆက်ဖော်ပြပေးနေတဲ့ တစ်ဆယ့်နှစ်ရာသီအတွက် နက္ခတ်ဗေဒင်ပညာ အဟောတွေကို ယေဘုယျ အဟောများတင်ဆက်ပေးနေရာမှ ပိုမို တိကျ သေချာတဲ့ ဟောကိန်းတွေကို တဆင့်ပြီးတဆင့် ပိုမိုကောင်းမွန် မှန်ကန်တဲ့ ဟောပြောမှုများ အဖြစ် ဆက်လက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 


နောက်ပိုင်းတွေမှာ ရာသီအလိုက် နက္ခတ်စီးစနစ် တွေပါ ရေးသားတင်ဆက် ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Starlightastro Group ကို Like & Follow လုပ်ထားဖို့တော့လိုပါတယ်နော်။ 


 တဦးတယောက်ချင်းစီအတွက် တိကျမှန်ကန်သေချာတဲ့ ဟောပြောမှုကို လိုချင် ပါလျင် အတွေ့အကြုံ ရင့်ကျက်တဲ့ နက္ခတ္တဗေဒင် ပညာရှင်ကြီးတွေနဲ့ စုပေါင်းဖွဲ့စည်း ထားတဲ့ StarLight Astrology မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 


 

ချစ်မိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး အောင်မြင်မှုပန်း တိုင်ကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 


 #Starlightastro Group#


Monthly horoscopes

horoscope/yUBWqz3BzRU9rs6NxXB9pIzi7rHqeAoj0CZLydry.png

Aries

Mar 21 - Apr 19

horoscope/I9Cf12WsNJeoe9juFIYu0lmgq1tZb6TteYMVuv9T.png

Taurus

Apr 20 - May 20

horoscope/oLxkVsOiamG69X9yqSLhxeoT464jhGZaeUIHgObF.png

Gemini

May 21 - Jun 20

horoscope/RDnH9Zwmep6PbeMyaOcak17vaRBPFZ0TVSCW0KAI.png

Cancer

Jun 21 - Jul 22

horoscope/3lXJfygmyGRc9vVDqTL275pfCv3uIkIxpqxiz9Fq.png

Leo

Jul 23 - Aug 22

horoscope/dE2MvlI9n9747f2jz6KDnikznDBTsKh5PjEcpr1s.png

Virgo

Aug 23 - Sep 22

horoscope/PVd9Pojv2P1aLr3MPPapQ6TiKW2U5bCcqQP04VRg.png

Libra

Sep 23 - Oct 22

horoscope/aMFFRU6I0dMfPMq2hZA8lF6WaZmvXz6whSQOgrCU.png

Scorpio

Oct 23 - Nov 21

horoscope/YjWuT3Tuz24O2YPa6YFP7uEpBrWcl9GpHoq6chug.png

Sagittarius

Nov 22 - Dec 21

horoscope/jyi3DVYRH8QNBEOKSRqhjVy3bSJlriMLTlmbfDvB.png

Capricorn

Dec 22 - Jan 19

horoscope/Ldni2XMtt9HmizvRXN2KsbLtPmvA7LTiZRpCeho4.png

Aquarius

Jan 20 - Feb 18

horoscope/nsRIfi2ZEFkOMSsMpFYwir70DgO3kjT96mmg9jtX.png

Pisces

Feb 19 - Mar 20