Gemini (May 21 - Jun 20)

February 07, 2024

StarLight Astrology က ကြိုဆိုပါတယ် ခင်ဗျာ။ 

 


ခရစ်နှစ် ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ အချိန်အခါ သမယမှာ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားအပေါင်း နှင့် ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့သည်...

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပြီး သကာလ ဘေးဉပါဒ် အန္တရာယ် အသွယ်သွယ်သော ဒုက္ခများ ကင်းဝေးလျက် အလိုရှိအပ်သော အမှုကိစ္စ အဝဝတို့ ပြီးမြောက်ကြပါစေလို့ Starlightastro Group မှ ဆုမွန်ကောင်းတောင်း လိုက်ပါတယ် ခင်ဗျာ။ 


"ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ" 


ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၀, ၁၉, ၂၈, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၁, ၂၀, ၂၉, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၂, ၂၁, ၃၀, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၃, ၂၂, ၃၁, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၄, ၂၃, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၅, ၂၄, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၆, ၂၅, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၇, ၂၆, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၈, ၂၇, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။


နှစ်စဉ်နှစ်တိုင်း ( မေ ၂၁ မှ ဇွန် ၂၁ ) အတွင်း မွေးဖွားတဲ့ သူတွေကို မေထုန် ရာသီဖွား များလို့ ခေါ်ပါတယ်။


       

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် မေထုန်ရာသီဖွား ဂဏန်း သမားများ 


 စီးပွားရေးလုပ်ငန်းများ မျှော်လင့်ထားသလောက် မတိုးတက်တာမျိုးရှိနေတတ်သည်။ 


 ဝင်ငွေပိုင်းမှာတော့ ကျပ်တည်းတာမျိုး မဟုတ်ပေမယ့် ပြေလည်မှုလည်းမရရှိသေးပါ။ 


  လုပ်ရကိုင်ရခက်ခဲသော ကာလဖြစ်သည်။ 


 လုပ်ငန်းတူတွေ ပေါများပြီး ယှဉ်ပြိုင်တိုက်ခိုက် နေရတာမျိုး၊ ဈေးကွက် ကျဉ်းမြောင်းပြီး ရောင်းသူတွေသာ ပေါများလာတာမျိုးတွေကြောင့် လုပ်ငန်း အကျပ် အတည်းများ နှင့် ဖြတ်သန်းနေရမည်။ 


 မိတ်ကောင်းဆွေကောင်းများထံမှ အကူအညီ တချို့ လက်ခံရရှိမည်။ 


  ဆရာသမားများမှလည်း နှုတ်၏ ဆောင်မခြင်းမျိုး ရှိပါလိမ့်မည်။ 


  မိမိစိတ်ဝင်စားသော ပညာရပ်များ သင်ယူရခြင်း၊ လေ့လာရခြင်း ရှိမည်။ 


  ငွေပျောက်၊ ခါးပိုက်နှိုက်ခံရတတ်သည်။ 


  ဝန်ထမ်းများ အတွက်တော့ ပုံမှန်တနေ့တာကို ပြသနာမရှိ တိုးတက်မှုမရှိ ဖြတ်သန်းရမည်။ 


  အလုပ်ပြောင်းချင်စိတ်တွေ မကြာခဏ ဖြစ်ပေါ်တတ်သည်။ 


  ပြောင်းရန် အခွင့်အရေးလည်း မကြာခင်ရပါလိမ့်မည်။ 


  တခါတည်း နှင့် လုပ်ကိုင်အောင်မြင်ခြင်းမျိုး မရှိတတ်ပဲ အကြိမ်ကြိမ်ကြိုးစားပြီးမှသာ အောင်မြင် လိမ့်မည်။ 


  အိမ်သို့ အလုပ်ရှုပ်ရမည့် စိတ်ညစ်ရမည့် ဧည့်သည်များ လာလိမ့်မည်။


  အချစ်ရေးတွင် လာဘ်ပိတ်နေတတ်သည်။ 


  ချစ်သူရှိပါက လမ်းခွဲရန် အကြောင်းများပေါ်တတ်သည်။ 


  ဆေးရုံဆေးခန်းရောက်ကိန်းရှိသောကြောင့် ကျန်းမာရေး အထူးဂရုစိုက်ပေးပါ။


       

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် မေထုန် ရာသီဖွား ဂဏန်း သမားများ 

 


  ဘဝတဆစ်ချိုးပြောင်းလဲသွားစေမည့် အောင်မြင်မှု အကျိုးအမြတ်ရမည်။ 


  ကြံတိုင်းအောင် ဆောင်တိုင်းမြောက်မည့် ကာလဖြစ်သောကြောင့် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင် နေသူများ အရှိန်အဟုန်မြင့် လုပ်ငန်းတိုးချဲ့သင့်သည်။ 


  အိမ်၊ မြေ၊ ယာဉ်၊ ကား များ ကို ရင်းနှီးမြှုပ်နှံမှုအနေနှင့် ဝယ်လိုသူများ ဝယ်ယူသင့်သော အချိန် ဖြစ်သည်။ 


  ဝယ်ရောင်းများ အလုပ်ဖြစ်မည်။ 


  အဆောင်လုပ်ငန်း လုပ်ကိုင်သူများ တိုးတက်သော ရလဒ်ရရှိမည်။ 


  မိမိအောင်မြင်မှု အပေါ် မနာလိုသူများလည်း ရှိနေမည်။ 


  သို့သော် ရည်ရွယ် စိတ်ကူးထားသမျှကို ဤအချိန်တွင် အကောင်အထည်ဖော်ပါက အောင်မြင်မည်မှာ မုချ ဖြစ်သည်။ 


  အလုပ်သစ်ကမ်းလှမ်းမှုများ ရရှိမည်။ 


  ဘုရားဖူးခရီး သွားရမည်။ 


  လုပ်ချင်သည်များ လုပ်ရမည့် ကံတရားက ကိုယ့်အား မျက်နှာသာပေးနေသည့် အချိန်ကာလပင် ဖြစ်သည်။ 


  အဖက်ဖက်မှ အခွင့်အရေးကောင်းများ ပေါ်လာတတ်သည်။ 


  မိမိအရင်ကမမျှော်မှန်းရဲခဲ့သော အခွင့်အရေးများကို လက်ဆုပ်လက်ကိုင် ပိုင်ဆိုင်ရမည်။ 


  ဤလတွင် အချစ်ရေး အိမ်ထောင်ရေး သာယာပါသည်။ 


  ကလေးလိုချင်သူများ ကလေးရမည်။ 


  သားသမီးရှိသူများ သားသမီး အကျိုး ခံစားရမည်။ 


  ပညာသင်ကျောင်းသား ကျောင်းသူများ အတွက်တော့ ရုန်းကန်ရမည့်ကာလဖြစ်သည်။ 


  စာမေးပွဲများ ဆုံနေတတ်ပြီး စာလေ့လာရန် အချိန်မလောက်သည်များ ဖြစ်တတ်သည်။ 


  အချိန်ပေးကြိုးစားနိုင်မှသာ တော်ကာကျမည် ဖြစ်သည်။

 


     

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် မေထုန် ရာသီဖွား ဂဏန်း သမားများ 

 


  ဝေးကွာနေသော ဆွေမျိုးသားချင်းများနှင့် ပတ်သတ်ပြီး အလုပ်လုပ်ကိုင်ရင် အခွင့်အရေးပေါ်မည်။ 


  အောင်မြင်မည့် စီးပွားရေးလုပ်ငန်းကို အစပြုနိုင်မည်။ 


  အိမ်သို့ ဧည့်ကောင်းဆောင်ကောင်းများ ရောက်လာတတ်သည်။ 


  ယခုလတွင် စပ်တူလုပ်ငန်းများ လုပ်ဆောင်နိုင်ပါက ကောင်းသည်။ 


  တစ်ဦးတည်းလုပ်ငန်း၊ စပ်တူလုပ်ငန်း မည်သည့် စီးပွားရေးလုပ်ငန်းကမဆို အကျိုးအမြတ်များ ထွက်ပေါ်လာလိမ့်မည်။ 


  ဝန်ထမ်းဖြစ်သူများ မိမိ အစွမ်းအစပြရန် အခွင့်အရေးများ ပေါ်လာမည်။ 


  ထိုအခွင့်အရေးကို အသုံးချပြီး ကိုယ့်အရည်အချင်းကို လူကြီးနားပေါက်အောင် လုပ်ဆောင်နိုင်မည်။ 


  ရာထူးတိုး လစာတိုး သတင်းကောင်းများ ကြားရမည်။ 


  စိတ်ချမ်းမြေ့ဖွယ်ကိစ္စများသာ မိသားစုအတွင်း ဖြစ်ပေါ်မည်။ 


  မိသားစု သိုက်သိုက်ဝန်းဝန်းဖြင့် ချစ်ကြည်နေကြမည်။ 


  ဆွေမျိုးများမှ မစမည်။ 


  ချစ်သူထံမှ ချစ်သက်လက်ဆောင်ရရှိမည်။ 


  ပီယဆေးမသုံးပဲ ချစ်သူခင်သူ ပေါများနေလိမ့်မည်။ 


  ပညာရေး ထွန်းပေါက်မည်။ 


  ကြိုးစားထားသမျှအရာထင်လာသော ကာလပင်ဖြစ်သည်။ 


  ရောဂါဟောင်း အနာဟောင်းများ ဖြစ်ပေါ်ခံစားရမည်။ 


  ဆေးကောင်းတွေ့ပြီး သေချာပေါက် ပျောက်ကင်းပါလိမ့်မည်။ 


  ခရီးသွားလာမှု လျှော့ချစေချင်သည်။ 


  လမ်းပန်းခရီး အခက်အခဲ တွေ့ကိန်းမျိုး ရှိတတ်သည်။


      

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် မေထုန် ရာသီဖွား ဂဏန်း သမားများ       


 လူပေါင်းမြောက်မြားစွာထဲမှ အနည်းငယ်သာရွေးချယ်သော အလုပ်နေရာကောင်းများရရှိမည်။ 


  နိုင်ငံခြားထွက် အလုပ်လုပ်ရန် ကြန့်ကြာနေသူများ ယခုလအတွင်း ထွက်ခွါရမည်။ 


  နိုင်ငံခြားဗီဇာ လျှောက်ထားသူများ ချောချောချူချူ ရရှိမည်။ 


  အလုပ်အကိုင်ကံပွင့်နေသည်။ 


  လျှောက်သမျှ အလုပ်မှ ပြန်လည် ဆက်သွယ်လာခြင်းမျိုး ကြုံရမည်။ 


  အလုပ်အင်တာဗျူး ဖြေလျှင်လည်း သေချာပေါက်အောင်မြင်မည့် ကာလ ဖြစ်သည်။ 


  လုပ်ငန်းခွင်တွင် အနည်းငယ် စိတ်ကသိကအောင့်ဖြစ်စရာကိစ္စများ ပေါ်ပေါက်မည်။ သည်းခံလိုက်ပါ။ ခဏတဖြုတ်သာ ဖြစ်ပါသည်။ 


  အလုပ်သစ်လျှောက်ထားသူများ အလုပ်သစ် ရမည်။ ရွေးချယ်စရာများပါ ရှိပါလိမ့်မည်။ 


  အိမ်ထောင်ရေး အိမ်တွင်းရေး ကတောက်ကဆလေးများရှိမည်။ 


  သားသမီးနှင့် ပတ်သတ်ပြီး စိတ်ဝမ်းကွဲနေရမည်။ 


  အပျိုကြီး လူပျိုကြီးများ အတွက်တော့ အစွံထုတ်နိုင်မည့် အချိန်ဖြစ်သည်။ 

  နေထိုင်မကောင်းဖြစ်တတ်သည်။ 


  နားလည်တတ်ကျွမ်းသူနှင့် ပြသပြီး သေချာ ဆေးကုသင့်ပါသည်။ 


  ပညာသင်ကျောင်းသား ကျောင်းသူများ ဆုလက်ဆောင်များ လက်ခံရရှိမည်။ 


  စိတ်အေးလက်အေးနေနေရမည့် ကာလဖြစ်ပါသည်။


       

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် မေထုန် ရာသီဖွား ဂဏန်း သမားများ 


   

  စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် အနှောင့်အယှက်လေးများ ပေါ်ပေါက်မည်။ 


  ပြသနာ သေးသေးများ အမြောက်အမြားဖြေရှင်းနေရတတ်သည်။ 


  ယုံကြည်စိတ်ချရသော၊ အားကိုးအားထားပြုလို့ရသော ဝန်ထမ်းများ ရရှိမည်။ 


  ကုမ္ပဏီဝန်ထမ်းများ အလုပ်တခုမှ အလုပ်တခုသို့ပြောင်းရန် အကူးအပြောင်းကာလဖြစ်ပြီး အလုပ်နား နေရတတ်သည်။ 


  အလုပ်အကိုင်မတည်ငြိမ်မှုများရှိနိုင်ပါသည်။


  အလုပ်ထွက်ခြင်း၊ နားခြင်းကို စိတ်လိုက်မာန်ပါမပြုလုပ်ပဲ တဖက်ကသေချာမှ တဖက်ကို လက်လွှတ်ခြင်းမျိုး ပြုသင့်သည်။


  အချစ်ရေးတွင် ရတာမလို လိုတာမရ ဖြစ်တတ်သည်။


  စိတ်ခံစားမှုကို ဦးစားပေးနေတာများပြီး တကယ်ကောင်းမွန်သောလူကို လက်လွှတ်လိုက် ရတတ်သည်။


  လွတ်သည့်ငါး ကြီးသည့် အခြေအနေပင်ဖြစ်သည်။


  အိမ်ထောင်ဖက်၏ အလုပ်တွင် အဆင်ပြေအောင်မြင်နေတတ်ပြီး ဝင်ငွေ ပေါများကာ မိမိအား ပိုလျှံစွာ ပေးကမ်းထောက်ပံ့နိုင်လိမ့်မည်။ 


  ပါတနာ၏ တိုးတက်အောင်မြင်မှုကြောင့် ပျော်ရွှင် ချမ်းမြေ့ရမည်။ 


  သား သမီးတို့၏ ပညာရေး အလုပ်အကိုင် စသည့် သတင်းကောင်းများသာ လက်ခံရလိမ့်မည်။ 


  မိခင်ကျန်းမာရေး အနဲငယ်စိုးရိမ်ရသည်။ 


  မိမိထက်အငယ် မောင်နှမ များမှ မိမိအား သိတတ်သမှုများ ရှိတတ်ပါသည်။ 


  အိမ်တွင် စက်ပစ္စည်းတချို့ ချို့ယွင်းတတ်သည်။ 


  မိမိကိုယ်တိုင်ရဲ့ ကျန်းမာရေးအတွက်တော့ စိုးရိမ်စရာမရှိပါချေ။


      

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် မေထုန် ရာသီဖွား ဂဏန်း သမားများ 


  အကိုကြီး အမကြီးများမှ မိမိ၏ ကိုယ်ပိုင်လုပ်ငန်းအတွက် ကူညီစောင်မခြင်းမျိုး ရရှိမည်။ 


  စီးပွားရေးတွင် နာမည်ကောင်းရပြီး တိုးတက်အောင်မြင်မည်။ 


  ယခင်ကာလများထက် အကျိုးအမြတ်များစွာ ရရှိမည်။ 


  ဝန်ထမ်းတို့ ဝန်ထမ်းကောင်းဆုရရှိမည်။ 


  အထက်လူကြီးများ၏ အသိအမှတ်ပြုမှုကို ခံရမည်။ 


  လုပ်ဖော်ကိုင်ဖက်များရဲ့ လေးစား အတုယူဖွယ် ဖြစ်နေတတ်သည်။ 


  ဒီအချိန်တွင် မိမိလိုလားခဲ့သော အခွင့်အရေးများ တောင်းဆိုပါက ဧကန်ရပေမည်။ 


  နိုင်ငံရပ်ခြားတွင် အလုပ်အကိုင်ရှာဖွေနေသူများ မိတ်ကောင်းဆွေကောင်းများ၏ ကူညီမှုကြောင့် အလုပ်ကောင်းကောင်း ရရှိလိမ့်မည်။ 


  မေတ္တာရေးတွင် ချစ်သူနှင့် ချစ်ကြည်နူး တစ်တီတူးနေကြရမည်။ 


  အရာရာပန်းခင်းလမ်းကို လျှောက်လှမ်းနေရမည်။ 


  ငွေကျပျောက်တတ်သည်။ 


  မိတ်ဆွေအပေါင်းအသင်း အသစ်များဝင်မည်။ 


  လုပ်သမျှအဆင်ပြေနေမည်။ 


  ကျန်းမာရေးတော့ဂရုစိုက်စေချင်သည်။ 


  ဆေးမြီးတိုနှင့်မကုပဲ သေချာ ဆရာဝန်နှင့် ပြသကာ ကုသမှုခံယူသင့်သည်။ 


  ရောဂါသေးတုန်း အပြတ်ရှင်းပါ။ 


  အဆင့်မြင့်ပညာရပ်တခု သင်ယူရန် အခွင့်အရေးရှိမည်။ 


      

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် မေထုန် ရာသီဖွား ဂဏန်း သမားများ 


  အတိုက်အခံ အခက်အခဲကြားမှ ထိုးဖောက်အောင်မြင်မည်။ 


  ရည်မှန်းချက် ရည်ရွယ်ချက်များ ပြည့်စုံမည့် ကာလ ဖြစ်သည်။ 


  မိသားစုထံမှ အကူအညီ အထောက်အပံ့များ ရရှိခံစားရမည်။ 


  လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်မှု ကြုံရတတ်သည်။ 


  စက်ပစ္စည်းဝင်တတ်သည်။ 


  ယာဉ်၊ ကား နှင့် ပတ်သတ်ပြီး အကျိုးခံစားရမည်။ 


  ခရီးတိုလေးများ လည်း မကြာခဏထွက်နေရတတ်သည်။ 


 ယခင်ကြုံတွေ့နေရသော ငွေကြေးကျပ်တည်းမှုများ လွတ်မြောက်နိုင်တော့မည်။ 


  မိမိထံသို့ ငွေများ ဆီလိုစိမ့်ဝင်လာတော့မည်။ 


  တလုံးတခဲတည်းမဟုတ်ပဲ အစုလိုက်အစုလိုက် ငွေစလေးများ ဝင်လာမည်သာဖြစ်သည်။ 


  ပညာရပ်အသစ်များ ဆည်းပူးရမည်။ 


  အိမ်ထောင်ဖက် မကျန်းမမာဖြစ်ခြင်းကြောင့် စိုးရိမ်ရမည်။ 


  အိမ်ထောင်ဖက်ကို အချိန်ပေးပြုစုနေရမည်။ 


  လူလိမ်ခံရကိန်းရှိပါသည်။ မည်သူ့ကိုမှမယုံပါနှင့်။ 


  သတိထားနေထိုင်ခြင်းဖြင့် ပစ္စည်း၊ ငွေ ဆုံးရှုံးခြင်းကို ကာကွယ်နိုင်ပါလိမ့်မည်။ 


  ငယ်ရွယ်သူများ အချစ်ကြောင့် စိတ်ထိခိုက်ခံစားနေရမည်။ 


  ချစ်သူအပေါ်စိတ်တိုင်းမကျခြင်းမျိုး ရှိမည်။


  ချစ်သူရည်းစားမရှိသေးသူများ လိမ်လည်လှည့်ဖျားတတ်သူများနှင့် ကြုံရဆုံရတတ်သည်။ 


  ဤကာလတွင် တကိုယ်တည်းသမားများသာ နေသာပါလိမ့်မည်။ 


  ကိုယ်တိုင်ရဲ့ကျန်းမာရေး ကောင်းမွန်နေပါမည်။


      

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် မေထုန် ရာသီဖွား ဂဏန်း သမားများ 


  ပရဟိတလုပ်ငန်းများ အရှိန်အဟုန်မြင့် လုပ်ကိုင်နေရမည်။ 


 အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဆိုသလို အများအတွက် ထမ်းရွက်ရင်း မိမိအတွက် အကျိုးရှိ စေလိမ့်မည်။ 


  ကူညီမစသူများ ပေါများလာလိမ့်မည်။ 


  လုပ်ရကိုင်ရ အဆင်ပြေလွယ်ကူနေပေမည်။ 


  လုပ်ငန်းတိုးတက်အောင်မြင်ပြီး အများအားကျနေရမည်။ 


 ဝန်ထမ်းဖြစ်သူများ အလုပ်ခွင်တွင် သူတပါးရဲ့ အမှုကိစ္စများ ကို ကူညီဖြေရှင်းပေးနိုင်လိမ့်မည်။ 


  ထိုအရာများကြောင့်လည်း မျက်နှာပွင့် နာမည်ကောင်းရရှိမည်။ 


  အလုပ်လုပ်ရာတွင် လုပ်ဖော်ကိုင်ဖက်များနှင့် အတိုင်အဖောက်ညီနေကာ အလုပ်ပြီးမြောက်မှု မြန်ဆန်မည်။ 


  ကြိုးစားခဲ့သောရလဒ်များကို ယခုအချိန်တွင် ခံစားစံစားရတော့မည်။ 


  ဝန်ထမ်းအလုပ်အပြင် ကိုယ်ပိုင်အလုပ်ပါ ပူးတွဲလုပ်ကိုင်ရန်ကြိုးပမ်းနေသူများ ဖြစ်မြောက်မည်။ 


  တဖက်တလမ်းမှ ဝင်ငွေရှာနိုင်ပြီး မိသားစုကို ကောင်းကောင်းထောက်ပံ့နိုင်မည်။ 


  ဇနီး၊ ခင်ပွန်း၏ အကူအညီများ ထောက်ခံမှုများ ရရှိမည်။ 


  အိမ်တွင်းရေး သာယာပျော်ရွှင်နေလိမ့်မည်။ 


  ပိုကောင်းသော အလုပ်သစ်များ ကမ်းလှမ်းခြင်းကို ရရှိမည်။ ပြောင်းလည်းကောင်းမည်။ 


  နေအိမ် အပြောင်းအလဲရှိသည်။ ကောင်းမွန်သောနေရာသို့ ပြောင်းရွေ့ရမည်။ 


  သို့မဟုတ်ပါက နေအိမ်ကို သစ်လွင်သွားအောင် မွန်းမံရခြင်းမျိုးရှိမည်။ 


  မောင်နှမ သားချင်းများကို ထောက်ပံ့ပေးနိုင်ပါလိမ့်မည်။


      

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် မေထုန် ရာသီဖွား ဂဏန်း သမားများ 


  မိမိ၏ လက်ရှိအနေအထားမှ မယုံနိုင်လောက်အောင် ကြီးပွားတိုးတက်ခြင်းမျိုး ရှိမည်။ 


  လုပ်ငန်းသစ်များ စတင်နိုင်မည်။ 


  သူတပါး၏ အလုပ်တွင်ရင်းနှီးမြှုပ်နှံလိုပါက ဤကာလတွင် လုပ်ဆောင်နိုင်မည်။ 


  လုပ်ငန်းများမှ အမြတ်အစွန်းများစွာ ထွက်ပေါ်လာသော အခြေအနေဖြစ်သည်။ 


  သာယာသောနေရာများသို့ အလုပ်ခရီးများ သွားလာရမည်။


  ဝန်ထမ်းများ အလုပ်ရှုပ်နေသောကာလဖြစ်သည်။ 


  ဆုကြေး ခွင့်ရက်များ ရရှိရန် သတင်းကောင်းများ ကြားရပေလိမ့်မည်။ 


  ယခင်မတွေးခဲ့ဖူးသော အလုပ်သစ်များ လုပ်ကိုင်ရန် အခွင့်အရေးများ ပေါ်ပေါက်လာလိမ့်မည်။ 


  လုပ်ဖြစ်က ကောင်းပါသည်။ 


  ကျန်းမာရေးအတွက်မူ  စိုးရိမ်စရာအနည်းငယ်ရှိသည်။ 


  အဖျားတာရှည်ခြင်းမျိုး ဖြစ်တတ်သည်။ 


  မိမိအားမနာလို မရှု့စိမ့်သူများလည်း ပေါများနေတတ်သည်။ 


  သို့သော် အားလုံးကို မိမိကိုယ်ပိုင်အရည်အချင်းဖြင့် ကျော်လွှားအောင်မြင်လိမ့်မည်။ 


  အထက်လူကြီးမှ အထင်လွဲမှုများကို ဖြေရှင်းနိုင်လိမ့်မည်။ 


  ရာထူးတဆင့်တက်မည်။ 


  လူငယ် လူရွယ်များ အချစ်သစ်တွေ့မည်။ 


  အိမ်ထောင်ရှင်များ သတိထားနေရမည့်ကာလ ဖြစ်သည်။ 


  လူမှုရေး အပုတ်ချမှုများ လက်ခံရရှိတတ်သည်။ 


  သားသမီးများ ရှိပါက သားသမီးတို့၏ အိမ်ထောင်ရေးပေါ်ပေါက်မည်။ 


  မိခင်ကျန်းမာရေးကြောင့် ငွေကြေးကုန်ကျမှုရှိနိုင်သည်။ 


  မိမိကျန်းမာရေးအတွက်မူ စိုးရိမ်စရာမရှိပါချေ။


ချစ်မိတ်ဆွေတို့ရေ အခု တင်ဆက်ဖော်ပြပေးနေတဲ့ တစ်ဆယ့်နှစ်ရာသီအတွက် နက္ခတ်ဗေဒင်ပညာ အဟောတွေကို ယေဘုယျ အဟောများတင်ဆက်ပေးနေရာမှ ပိုမို တိကျ သေချာတဲ့ ဟောကိန်းတွေကို တဆင့်ပြီးတဆင့် ပိုမိုကောင်းမွန် မှန်ကန်တဲ့ ဟောပြောမှုများ အဖြစ် ဆက်လက် တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။ 

    

နောက်ပိုင်းတွေမှာ ရာသီအလိုက် နက္ခတ်စီးစနစ် တွေပါ ရေးသားတင်ဆက် ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Starlightastro Group ကို Like & Follow လုပ်ထားဖို့တော့လိုပါတယ်နော်။ 

    

တဦးတယောက်ချင်းစီအတွက် တိကျမှန်ကန်သေချာတဲ့ ဟောပြောမှုကို လိုချင် ပါလျင် အတွေ့အကြုံ ရင့်ကျက်တဲ့ နက္ခတ္တဗေဒင် ပညာရှင်ကြီးတွေနဲ့ စုပေါင်းဖွဲ့စည်း ထားတဲ့ StarLight Astrology မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 


ချစ်မိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး အောင်မြင်မှုပန်း တိုင်ကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။


#Starlightastro Group#

Monthly horoscopes

horoscope/yUBWqz3BzRU9rs6NxXB9pIzi7rHqeAoj0CZLydry.png

Aries

Mar 21 - Apr 19

horoscope/I9Cf12WsNJeoe9juFIYu0lmgq1tZb6TteYMVuv9T.png

Taurus

Apr 20 - May 20

horoscope/oLxkVsOiamG69X9yqSLhxeoT464jhGZaeUIHgObF.png

Gemini

May 21 - Jun 20

horoscope/RDnH9Zwmep6PbeMyaOcak17vaRBPFZ0TVSCW0KAI.png

Cancer

Jun 21 - Jul 22

horoscope/3lXJfygmyGRc9vVDqTL275pfCv3uIkIxpqxiz9Fq.png

Leo

Jul 23 - Aug 22

horoscope/dE2MvlI9n9747f2jz6KDnikznDBTsKh5PjEcpr1s.png

Virgo

Aug 23 - Sep 22

horoscope/PVd9Pojv2P1aLr3MPPapQ6TiKW2U5bCcqQP04VRg.png

Libra

Sep 23 - Oct 22

horoscope/aMFFRU6I0dMfPMq2hZA8lF6WaZmvXz6whSQOgrCU.png

Scorpio

Oct 23 - Nov 21

horoscope/YjWuT3Tuz24O2YPa6YFP7uEpBrWcl9GpHoq6chug.png

Sagittarius

Nov 22 - Dec 21

horoscope/jyi3DVYRH8QNBEOKSRqhjVy3bSJlriMLTlmbfDvB.png

Capricorn

Dec 22 - Jan 19

horoscope/Ldni2XMtt9HmizvRXN2KsbLtPmvA7LTiZRpCeho4.png

Aquarius

Jan 20 - Feb 18

horoscope/nsRIfi2ZEFkOMSsMpFYwir70DgO3kjT96mmg9jtX.png

Pisces

Feb 19 - Mar 20