Our Group Leader


ဆရာကြီး ရန်အောင်ဟိန်း(Bsc) ကေပီရှေ့ဆောင်နက္ခတ္တဗေဒင်ပညာရှင်၏ ကိုယ်‌ရေးအကျဉ်းချုပ်


..၁၉၆၁ တွင် အလုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် မွေးဖွားခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် အခြေခံပညာ အထက်တန်းကို လမ်းမတော် အထက () စိန်ဂျွန်း ကျောင်းမှ သင်္ချာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ (၁၉၇၈ - ၁၉၇၉) တွင် ကြည့်မြင်တိုင် ဒေသကောလိပ်() တွင် ဇိဝဗေဒ ဘာသာရပ်ဖြင့် ပထမနှစ် တက်ရောက်သင်ကြားခဲ့သည်။

 (၁၉၇၉-၁၉၈၀) တွင် လှိုင်မြို့နယ် ဒေသကောလိပ်() တွင် ပုံနှိပ်ထုတ်ဝေခြင်းအထူးပြုဘာသာရပ်အဖြင့် တက်ရောက်သင်ကြားခဲ့ကာ ဘာသာရပ်အားလုံး ဂုဏ်ထူးရရှိ အောင်မြင်ခဲ့သည်။ (၁၉၈၀-၁၉၈၂) တွင် ရန်ကုန် တက္ကသိုလ် (ပင်မ) သို့ ဘူမိဗေဒ ဘာသာရပ် (အဓိက)ဖြင့် တက်ရောက်သင်ကြားခဲ့သည်။ 

၁၉၈၂  တွင် ဂုဏ်ထူးတန်းတက်ရောက်ခွင့် ရရှိခဲ့ပြီး ဘူမိဗေဒ သိပ္ပံ ဘွဲ့ရရှိခဲ့သည်။ (၁၉၈၂-၁၉၈၃) တွင် ဂုဏ်ထူးတန်းတက်ရောက်နေစဉ် ကျန်းမာရေးကြောင့် ဘွဲ့လွန်အသုံချ ဘူမိဗေဒတွင် သတ္တုတွင်း (mining)ဖြင့် ပြောင်းရွေ့သင်ကြားခဲ့ပြီး နောက်ပိုင်းတွင် ပညာရေးဆက် မသင်ကြားဖြစ်ပဲ ပညာရေး ရပ်တံ့သွားခဲ့သည်။ 

ဗေဒင်ပညာကို အသက် (၁၂) နှစ်ဝန်းကျင်တွင် အဘိုးဖြစ်သူ၏ စာအုပ်ဖြစ်သော ရှင်နဋ္ဌဝံသ  ဗေဒဝိဇ္ဇာ (မဟာဘုတ်ပညာ) ကျမ်းဖြင့် ဗေဒင်ပညာ စတင်လေ့လာခဲ့သည်။ လက္ခဏာပညာရပ်ကိုတော့ () တန်း ကျောင်းသားဘဝ (၁၉၇၆-၁၉၇၇) ခုနှစ် ကတည်းက ကိုတောက်ထွန်း၏ အခြေခံလက္ခဏာ ပညာကျမ်းဖြင့် စတင် လေ့လာဆည်းပူးခဲ့ရာမှ ၂နှစ်အတွင်း လက္ခဏာကျမ်း ၅ကျမ်းခန့်လေ့လာကာ အတန်အသင့် ဟောပြောနိုင်သည်အထိ လေ့လာခဲ့သည်။

၁၉၈၂ ခု ၊အောက်တိုဘာလ တတိယပတ်အတွင်း ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ နောက်ဆုံးနှစ် စာမေးပွဲကို နောက်ဆုံးရက်ဖြေဆိုပြီး ကျောင်းမှအပြန် လှည်းတန်းမှတ်တိုင်အနီး ရောင်ခြည်ဉီး စာအုပ်ဆိုင်တွင် ဆရာဦးမြင့်မောင်၏ ကေပီ နက္ခတ်ခွဲ ဗေဒ ဥပဒေသများ ပထမတွဲကို (၁၈)ကျပ်ဖြင့် ဝယ်ယူ၍ စိတ်ဝင်တစား လေ့လာခဲ့သည်။ (ထိုစဉ်က ကေပီနက္ခတ်ပညာရပ်အတွက် ဇာတာကိုပင်မဖွဲ့တတ်သေးပါ)

ထိုကဲ့သို့ ကေပီစနစ်ကို စိတ်ဝင်တစား လေ့လာခဲ့ရာ ပညာအလင်းပြစာပေ (ရေကျော်)မှ နက္ခတ်‌ဗေဒင် ပညာရပ်ကျမ်း များဝယ်ယူလေ့လာခဲ့ပါသည်။ ဤသို့ အရှေ့တိုင်း၊  အနောက်တိုင်း၊ ကေပီနက္ခတ်ကျမ်းများ၊ လက္ခဏာပညာကျမ်း၊ သင်္ချာဗေဒင်ကျမ်း၊ ဖုန်းရွှေပညာကျမ်း၊ မြန်မာလက်ဆန်းပညာကျမ်းများကို ၃နှစ်ကျော်တဲ့အထိ တစိုက်မတ်မတ်လေ့လာသင်ယူခဲ့ပါသည်။ 

(၁၉၈၆) တွင် နက္ခတ္တရောင်ခြည် မဂ္ဂဇင်းကို ကျော်မိုးသိန်း၊ ကျော်မင်းသိန်းတို့နှင့် မိမိ၏ရင်းနှီးငွေ တစ်ဝက်စိုက်ထုတ်ကာ အယ်ဒီတာအဖြစ် တာဝန်ယူ၍ဗေဒင်လက္ခဏာ ပညာပေးဆောင်းပါးများစွာ ရေးသား ထုတ်ဝေခဲ့ပါသည်။ 

ဆရာကြီးရန်အောင်ဟိန်း (B.Sc) ဆရာရဲမြတ် (သုတေသီ) ကလောင်အမည် နှစ်ခုကို အဓိကအသုံးပြုခဲ့၍ အခြားကလောင်ခွဲပေါင်း နှစ်ဆယ်ကျော်ဖွင့် နက္ခတ္တရောင်ခြည်၊ လပြည့်ဝန်း၊ ရွှေအောင်လံ၊ သူရဇ္ဇ၊ ဝိဇ္ဇာ၊ အဋ္ဌရဿ၊ နရသုခိ စသည့် မဂ္ဂဇင်းများအပြင် ဂျာနယ်အချို့တွင်လည်း ဆောင်းပါးပေါင်း (၅၀၀၀)ကျော်ထိရေးသားခဲ့ပါသည်။

(၁၉၈၇) ခုနှစ်တွင် ခရစ်ရှနားမူရတီပဒ္ဓတိ(ကေပီ) ရှေ့ဆောင်နက္ခတ်ပညာရှင် အဖြစ် ဟောပြောမှု စတင်ခဲ့ပါသည်။ ထိုစဉ်က စာတိုက်မှ ဟောစာတမ်းများ ရေးသားပေးပို့ခြင်း စနစ်ကိုအသုံးပြုခဲ့ပါသည်။ ရန်ကုန်မြို့လယ် လမ်း(၄၀) အလယ် ဘလောက်တွင်‌(၁၉၉၃-၂၀၂၁)အထိ ဟောခန်းဖွင့်၍ ဟောပြောခဲ့ပါသည်။ ထိုသို့ ဟောခန်းဖွင့် ဟောပြောပေးသည့်အပြင် (၁၉၈၇)ခုနှစ်မှစ၍ 

မြန်မာ့ရိုးရာ မဟာဘုတ်ပညာ၊ 

မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာ၊

အင်္ဂဝိဇ္ဇာပညာ၊

ဂဏန်းဗေဒင်ပညာ၊

နက္ခတ်တ ဂေဟာဗေဒပညာ၊

ဟိန္ဒူရိုးရာနက္ခတ်ပညာ၊

ခရစ်ရှနားမူရတီပဒ္ဓတိ(ကေပီ) ရှေ့ဆောင်နက္ခတ်ပညာ၊

အဆင့်လေးဆင့်သီအိုရီပညာ၊

ရောင်းနဒီ (နဒီစနစ်) ပညာ၊

ဘာဝအချင်းချင်းကွန်ရက်ချိတ်ဆက် နက္ခတ်ပညာ (ဘက်စ်ကာရန်)

ဘာဝအချင်းချင်းကွန်ရက်ချိတ်ဆက် နက္ခတ်ပညာ (ခူးလား) အစရှိသည့် သင်တန်းပေါင်းများစွာတို့ကို တပည့်ပေါင်းများစွာသို့  သင်တန်းပို့ချ သင်ကြားပေးခဲ့ပြီး ယနေ့အချိန်အထိလည်း သင်ကြားပိုချနေဆဲဖြစ်ပြီး တပည့်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပါတယ်။


ဆရာကြီးသည် အောက်ပါဗေဒင်ကျမ်းများစွာကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ (ပုံ -ဇယားဖြင့် ဖော်ပြထား ပါ သည်) 



ဆရာကြီး ရန်အောင်ဟိန်း(Bsc) ကေပီရှေ့ဆောင်နက္ခတ္တဗေဒင်ပညာရှင်

 ရေးသားထုတ်ဝေခဲ့သော ဗေဒင်ကျမ်းများ