Leo (Jul 23 - Aug 22)

February 07, 2024

မင်္ဂလာပါ။ 

    

StarLight Astrology က ကြိုဆိုပါတယ် ခင်ဗျာ။ 

 

ခရစ်နှစ် ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ အချိန်အခါ သမယမှာ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားအပေါင်း နှင့် ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့သည်...

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပြီး သကာလ ဘေးဉပါဒ် အန္တရာယ် အသွယ်သွယ်သော ဒုက္ခများ ကင်းဝေးလျက် အလိုရှိအပ်သော အမှုကိစ္စ အဝဝတို့ ပြီးမြောက်ကြပါစေလို့ Starlightastro Group မှ ဆုမွန်ကောင်းတောင်း လိုက်ပါတယ် ခင်ဗျာ။ 


"ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ" 


ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၀, ၁၉, ၂၈, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၁, ၂၀, ၂၉, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၂, ၂၁, ၃၀, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၃, ၂၂, ၃၁, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၄, ၂၃, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၅, ၂၄, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၆, ၂၅, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၇, ၂၆, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၈, ၂၇, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။


နှစ်စဉ်နှစ်တိုင်း (ဇူလိုင် ၂၃ မှ ဩဂုတ် ၂၂) အတွင်း မွေးဖွားတဲ့ သူတွေကို သိဟ်ရာသီဖွား များလို့ ခေါ်ပါတယ်။ 


၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် သိဟ်ရာသီဖွား ဂဏန်း ဂဏန်း သမားများ 


 အလုပ်အကိုင်များ ကတော့ ကောင်းနေမည့် ကာလ တစ်ခုပါ။ 


အလုပ်မှ အောင်မြင်မှုများ စတင်ရရှိလာလိမ့်မည်။


 မိမိ၏လုပ်ငန်းကို လူသိများလာပြီး ဖောက်သည်သစ်များ ရရှိလာပါမည်။ 


 ရင်းနှီးမြှုပ်နှံမှုများ စတင်ထားသင့်သော အခါကောင်းဖြစ်ပေသည်။


 ဝန်ထမ်းများ လုပ်ငန်းခွင်ထဲတွင် လုပ်သမျှ အောင်မြင်ပြီး  အထက်လူကြီးများ၏ ချီးကျူးမှုကို ခံယူရရှိလိမ့်မည်။ 


 အလုပ်ခွင်ရှိ ပြိုင်ဖက်များကို ယှဉ်ပြိုင်အနိုင်ရမည်။  ရာထူးတိုး ရရှိနိုင်ပါသည်။


 ကိုယ်ပိုင်လုပ်ငန်းကို စတင်မည့်သူများ စတင်ဆောင်ရွက်နိုင်သည့် ကာလ ဖြစ်ပါသည်။ 


 ဝန်ထမ်းအလုပ်နှင့် ကိုယ်ပိုင်လုပ်ငန်း တွဲ၍လုပ်ကိုင်ပါကလည်း အောင်မြင်မည်သာဖြစ်သည်။ 


 အိမ်ထောင်ပြုရန် ကြံရွယ်နေသူများ အတွက် အခါကောင်း ဖြစ်ပါသည်။


 ယခုလတွင် ပညာရေးအတွက်တော့ လုပ်သလောက် အကျိုးရှိစေလိမ့်မည်။


 မိမိ၏ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပေးရမည့် ကာလဖြစ်ပါသည်။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် သိဟ်ရာသီဖွား ဂဏန်း သမားများ 


 ဤကာလတွင် ဝယ်ရောင်းလုပ်ကိုင်သူများ၊ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများ အတွက် မထင်မှတ်ပဲ အကျိုးအမြတ် ရရှိမည့် အချိန်ကာလပင်ဖြစ်သည်။ 


 ယခုလတွင် စာချုပ်စာတမ်း ပြုလုပ်ခြင်း၊ ညှိနှိုင်းအောင်မြင်ခြင်းတို့ရှိမည်။ 


 အိမ်၊ ခြံ၊ မြေ၊ ယာဉ်၊ ကား နှင့် ဆက်စပ်သည့် လုပ်ငန်းများ တိုးတက်ကြီးပွားမှုရမည်။ 


 လုပ်ငန်း မှ ငွေကြေးအဝင်များ သော်လည်း လုပ်ငန်းထဲသို့ ရင်းနှီးငွေအဖြစ် ပြန်လည် မြုပ်နေ ပါလိမ့်မည်။ 


 ချစ်မေတ္တာ ကမ်းလှမ်းသူများ ရှိနေသော်လည်း မိမိမှ မနှစ်သက်ခြင်းကြောင့် တကိုယ်တည်းသာ ဖြစ်နေရလိမ့်မည်။ 


 ပညာရေးကိစ္စများ ဖြစ်ထွန်းအောင်မြင်မည်။ 


 မိမိ သင်ယူမှတ်သား ထားသမျှ မေးခွန်းတွင်ပါဝင်လာပါ လိမ့်မည်။

ထီကံစမ်းကြည့်သင့်သော ကာလတခု ဖြစ်ပါသည်။


 ကျန်းမာရေးနှင့် ပတ်သက်၍ တော့ အထူးသတိထားစရာ မရှိပါ။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် သိဟ်ရာသီဖွား ဂဏန်း သမားများ 


 မိမိ၏ စွမ်းရည်အဆင့်မြှင့်တင်ရန်အတွက် အသိပညာ အတတ်ပညာများ လေ့လာခွင့် ရပါလိမ့်မည်။


 အခြား အလုပ်အကိုင် နှင့်သက်ဆိုင်သော ကောင်းနိုးရာရာများကို လေ့လာချင်စိတ် ပြင်းပြနေမည်။ 


 ဝန်ထမ်းအနေဖြင့်လည်း ဌာန ကိုယ်စား အဆင့်မြင့်သင်တန်းများ တက်ရောက်ရခြင်းမျိုးကြုံမည်။


 အလုပ်အကိုင် မှာတော့ ရရစားစားသာ ဖြစ်နေပါလိမ့်မည်။ 


 ငွေကြေး ပိုလျှံမှုလည်း အားနည်းနေသည့် အချိန်ဖြစ်သည်။


 အလုပ်နားရခြင်း အလုပ်ထွက်ခြင်းများ ယခုအချိန်ကာလတွင် ဖြစ်တတ်သည်။ 


 အခြားသူများကြောင့် ချစ်သူနှင့် နားလည်မှုလွဲတတ်သည်။ 


 အိမ်ထောင်ရေး အိမ်တွင်းရေးတွင် သွေးအေးနေတတ်သည်။ 


 ခရီးဝေး သွားလာရခြင်းမျိုး ရှိတတ်သည်။ 


 ပညာရေးတွင်  ဆုလာဘ်များ ရမည်။ 


 ကျန်းမာရေးကတော့ ရှောင်တခင် နေမကောင်း ဖြစ်တတ်ပါသည်။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် သိဟ်ရာသီဖွား ဂဏန်း သမားများ 


 လုပ်ငန်း လုပ်ကိုင်နေသူများ အတွက် ကတော့ ကိုယ့် အတွက် အကျိုးအမြတ် မရပဲ သူများ အကျိုး အတွက် အလုပ်လုပ်ပေးနေရသလို ဖြစ်နေတတ်ပါသည်။ 


 ဒီကာလ မှာတော့ အိမ်မှာဘဲ ထိုင်နေပြီး သက်တောင့် သက်သာ နေတာက ပို အကျိုးရှိမည် ဖြစ်ပါသည်။


 အကျိုးရှိမည့် ပညာရပ်များကို လေ့လာ သင်ယူမှုများ ပြုလုပ်သင့်သော အချိန်လည်း ဖြစ်ပါသည်။


 အလှူအတန်း နှင့် ကုသိုလ်ကောင်းမှုများ၊ ကျင့်ကြံမှုများ ဆောင်ရွက်ဖြစ်ပါလိမ့်မည်။


 အလုပ်ပြောင်းလဲ လုပ်ကိုင်လိုသည့်ဆန္ဒများ ပြင်းပြစွာ ဖြစ်ပေါ်နေမည့် ကာလ တစ်ခုလည်း ဖြစ်ပါသည်။


 ဝန်ထမ်းများ အနေဖြင့်လည်း အလုပ်ခွင် အတွင်း ကတောက်ကဆ ဖြစ်မှုများ ဖြစ်ပေါ်ပါလိမ့်မည်။


 ချေးငှားထားသော ငွေကြေးများ ကို လည်း လုပ်ငန်းမလည်ပတ်မှုကြောင့် ပြန်မဆပ်နိုင် ဖြစ်တတ် ပါသည်။


 မထင်မှတ်ဘဲ လောင်းကစားဆန်သော စီးပွားရေး လုပ်ငန်း တခု မှ ပွပေါက်တိုးတတ်ပါသည်။


 သားသမီးတို့ ရဲ့ အိမ်ရာနေထိုင်ပြောင်းရွေ့မှုများ ကြုံရပါလိမ့်မည်။


 ချစ်သူ နှင့် နှစ်ကိုယ်တူ ချစ်ခင်ကြင်နာမှုများ နှင့် စိတ်ချမ်းမြေ့နေပါလိမ့်မည်။


 ကျန်းမာရေးကတော့ ကောင်းနေမှာပါ။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် သိဟ်ရာသီဖွား ဂဏန်း သမားများ 


 ဆွေမျိုးသားချင်းများနှင့် ပတ်သတ်ပြီး အလုပ်လုပ်ရန် အခွင့်အလမ်း ရရှိမည်။ 


 လက်ရှိလုပ်ငန်းခွင် အတွင်း အပြိုင်အဆိုင် အတိုက်အခိုက်များ ရှိမည်။


 ဈေးရောင်းနေသူဖြစ်လျင် လုပ်ငန်းတူ ယှဉ်ပြိုင်ဘက်များ အနီးတဝိုက် ဖြစ်ပေါ်လာမည်။


 ပွဲစားလုပ်ငန်း၊ အကျိုးဆောင် လုပ်ငန်း လုပ်သူများ အဆင်ပြေသလိုရှိပြီး အဆင်မပြေ ဖြစ်တတ်ပါသည်။


 အိမ်သို့ ဧည့်ကောင်းဆောင်ကောင်းများ ရောက်လာတတ်သည်။ 


 ဝန်ထမ်းဖြစ်သူများ မိမိ အစွမ်းအစပြရန် အခွင့်အရေးများ ပေါ်လာမည်။ ထို့ပြင် အတိုက် အခိုက်များလည်း ရှိနိုင်ပါသည်။


 အခွင့်အရေးကို အသုံးချပြီး ကိုယ့်အရည်အချင်းကို လူကြီးနားပေါက်အောင် လုပ်ဆောင်နိုင်မည်။ 


 စိတ်ချမ်းမြေ့ဖွယ်ကိစ္စများသာ မိသားစုအတွင်း ဖြစ်ပေါ်မည်။ 


 ချစ်သူထံမှ ချစ်သက်လက်ဆောင် ရရှိမည်။ ချစ်သူခင်သူပေါများ နေပါလိမ့်မည်။ 


 ပညာရေး ထွန်းပေါက်မည်။ ကြိုးစားထားသမျှအရာထင်လာသော ကာလပင်ဖြစ်သည်။ 


 ရောဂါဟောင်း အနာဟောင်းများ ဖြစ်ပေါ်ခံစားရမည်။ 




၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် သိဟ်ရာသီဖွား ဂဏန်း သမားများ 


 ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ အတန်ငယ် ရုန်းကန်နေရမည့် အနေအထားမှာရှိသည်။ 


 လုပ်ငန်းကိစ္စနှင့် မကြာခဏ ခရီးတို သွားလာရန် ကိစ္စ ပေါ်ပေါက်မည်။ 


 ဝန်ထမ်းဖြစ်လျှင် အလုပ်ရှုပ် စိတ်ပင်ပန်းနေရမည့် ကာလပင်ဖြစ်လေသည်။ 


 ငွေရေးကြေးရေး အခြေအနေသည် ကျပ်တည်းသည်မဟုတ် ပေါများသည်လည်းမဟုတ်ပဲ ရလိုက် သုံးလိုက် ဖြစ်နေမည်။ 


 ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အစီအစဉ်ရှိပါက ဆိုင်းငံ့ရန် အကြံပြုလိုပါသည်။ 


 ချစ်သူများ အဖို့  အနှောက်အယှက်များ၊ အတိုက်အခိုက်များ ဖြစ်ပေါ်နေပြီး စိတ်အေးချမ်းမှု မရနိုင်ပါ။ 


 ချစ်သူနှင့် ညှိနှိုင်းမှု မအောင်မြင်ပဲ ဖြစ်နေမည်။ မတည့် အတူနေသဘောမျိုး ရန်ဖြစ်နေရလိမ့်မည်။ 


 လုပ်ငန်းခွင် အရည်အသွေးမြှင့်တင်ပေးသော သင်တန်းမျိုး တက်ရောက်သင်ကြားခွင့် ရရှိပါမည်။ 


 သားသမီးများ၏ ကျန်းမာရေး သတိပြုစေလိုပါသည်။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် သိဟ်ရာသီဖွား ဂဏန်း သမားများ 


 ကုန်လှောင်ရောင်းဝယ်သူများ အတွက် အကျိုးဖြစ်ထွန်းမည့် ကာလ တစ်ခု ဖြစ်ပါသည်။


 သွင်းကုန်ထုတ်ကုန်သမားများ အဖို့က တော့ ရုန်းကန်နေရပါလိမ့်မည်။


 ပုံမှန်လုပ်ငန်းသမားများ အဖို့တော့ ဝန်ထမ်းစရိတ်ရအောင် မနဲကြိုးပမ်းရပါလိမ့်မည်။


 အကောင်းဆုံးကတော့ လုပ်ငန်း မတိုးချဲ့ပဲ သက်တောင့်သက်သာ နေနိုင်ပါက အကောင်းဆုံးကာလပါ။


 လခစားဝန်ထမ်းများ အဖို့ကလည်း အလုပ်မပြုတ်ရေး၊ အလုပ်ရရှိရေး အတွက် စိတ်ညစ်နေရပါမည်။


 စုမိဆောင်းမိ ရှိတာလေး ထိုင်စားနေရပါလိမ့်မည်။


 ချစ်သူများကတော့ တူနှစ်ကိုယ် အပြန်အလှန်ချစ်ခင်ပျော်ရွှင် နေကြ ပါမည်။ 


 ချစ်သူမရှိသူများလည်း ချစ်သူ ရပါလိမ့်မည်။


 မိသားစု အတွင်း သိုက်သိုက်ဝိုင်းဝိုင်း အတူနေထိုင်ကြရပါမည်။

မိသားစု ခရီး တစ်ခု ထွက်ဖြစ်ပါလိမ့်မည်။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် သိဟ်ရာသီဖွား ဂဏန်း သမားများ 


 ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းသမားများ အဖို့ အလုပ်အကိုင် အရောင်းအဝယ် အဆင်ပြေနေပါလိမ့်မည်။


 ဘဏ်ချေးငွေ ရရန် လျှောက်ထားသူများ အဖို့ လုပ်ငန်း အတွက်ချေးငွေ ရပါလိမ့်မည်။


 မိမိ အလုပ်လုပ်ရန် အတွက် မိတ်ဆွေက ငွေစိုက်ထုတ်ပေးတာမျိုး ကြုံရပါလိမ့်မည်။


 မိမိရရန်ရှိ ကျန့်ကြာနေသောငွေများ ပြန်လည်ရတတ်ပါသည်။


 ဝန်ထမ်းများ အဖို့လည်း မိမိလုပ်ငန်းရှင်မှ မမျှော်လင့်ထားသော ပမာဏ ကို ဘောနပ် ပေး တာမျိုး ရရှိနိုင် ပါသည်။


 စပ်တူစီးပွားရေး လုပ်ကိုင်သူများ လည်း အောင်မြင်ကြပါလိမ့်မည်။


 အိမ်ထောင်ရေးကတော့ ဒီကာလအတွင်း ကတောက်ကဆ မကြာခဏ ကြုံရပါလိမ့်မည်။


 ကျန်းမာရေးကတော့ အဆင်မသင့်လျင် အိပ်ယာထဲ တပတ် ၁၀ရက် နေရတတ်ပါသည်။ 


 နေမကောင်းချင်ဖြစ်လျင် တတ်ကျွမ်းနားလည်သူပြပါ။ ဆေးမီးတို မသုံးပါရန် အကြံပြုလိုပါသည်။



၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် သိဟ်ရာသီဖွား ဂဏန်း သမားများ 


 ကုန်လှောင်လုပ်ငန်းများ၊ ပွဲစား အကျိုးဆောင်လုပ်ငန်းများ ပွပေါက်တိုးနိုင်ပါသည်။


 အထူးသဖြင့် အိမ်ပွဲစား၊ ကားပွဲစားများ အလုပ်ဖြစ်ကြပါလိမ့်မည်။


 ပုံမှန်လုပ်ငန်းသမားများ အဖို့ကတော့ အခက်အခဲများကြားက အလုပ်လုပ်ပုံ အပြောင်းအလဲ လုပ်ပြီး အဆင်ပြေကြပါလိမ့်မည်။


 လခစားဝန်ထမ်းများ အဖို့ မမျှော်လင့်သော ငွေကြေးလက်ဆောင် ရရှိနိုင်ပါသည်။


 သို့သော်လည်း အလုပ်အပြောင်း အလဲများ ဖြစ်နိုင်ပါသည်။


 အိမ် မြေ ကား ဝယ်ယူရန် စဉ်းစားနေသူများ အဖို့ ဝယ်ယူဖြစ်ပါလိမ့်မည်။


 ချစ်သူများအဖို့ ချစ်ကြည်နူးနေရင်း စကားများ ရန်ဖြစ်ကြပါလိမ့်မည်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်ကြပါလိမ့်မည်။


 ချစ်သူဆီက လက်ဆောင်ရပါလိမ့်မည်။


 မိသားစု အတွင်း  အိမ်ပြောင်းရွေ့ပြီး စုစည်းနေထိုင်ကြတာမျိုးကြုံပါလိမ့်မည်။


 ကျန်းမာရေးကတော့ ကောင်းနေပါမည်။



ချစ်မိတ်ဆွေတို့ရေ အခု တင်ဆက်ဖော်ပြပေးနေတဲ့ တစ်ဆယ့်နှစ်ရာသီအတွက် နက္ခတ်ဗေဒင်ပညာ အဟောတွေကို ယေဘုယျ အဟောများတင်ဆက်ပေးနေရာမှ ပိုမို တိကျ သေချာတဲ့ ဟောကိန်းတွေကို တဆင့်ပြီးတဆင့် ပိုမိုကောင်းမွန် မှန်ကန်တဲ့ ဟောပြောမှုများ အဖြစ် ဆက်လက် တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။ 

 

နောက်ပိုင်းတွေမှာ ရာသီအလိုက် နက္ခတ်စီးစနစ် တွေပါ ရေးသားတင်ဆက် ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Starlightastro Group ကို Like & Follow လုပ်ထားဖို့တော့လိုပါတယ်နော်။ 

    

တဦးတယောက်ချင်းစီအတွက် တိကျမှန်ကန်သေချာတဲ့ ဟောပြောမှုကို လိုချင် ပါလျင် အတွေ့အကြုံ ရင့်ကျက်တဲ့ နက္ခတ္တဗေဒင် ပညာရှင်ကြီးတွေနဲ့ စုပေါင်းဖွဲ့စည်း ထားတဲ့ StarLight Astrology မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 

 

ချစ်မိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး အောင်မြင်မှုပန်း တိုင်ကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 


#Starlightastro Group#

Monthly horoscopes

horoscope/yUBWqz3BzRU9rs6NxXB9pIzi7rHqeAoj0CZLydry.png

Aries

Mar 21 - Apr 19

horoscope/I9Cf12WsNJeoe9juFIYu0lmgq1tZb6TteYMVuv9T.png

Taurus

Apr 20 - May 20

horoscope/oLxkVsOiamG69X9yqSLhxeoT464jhGZaeUIHgObF.png

Gemini

May 21 - Jun 20

horoscope/RDnH9Zwmep6PbeMyaOcak17vaRBPFZ0TVSCW0KAI.png

Cancer

Jun 21 - Jul 22

horoscope/3lXJfygmyGRc9vVDqTL275pfCv3uIkIxpqxiz9Fq.png

Leo

Jul 23 - Aug 22

horoscope/dE2MvlI9n9747f2jz6KDnikznDBTsKh5PjEcpr1s.png

Virgo

Aug 23 - Sep 22

horoscope/PVd9Pojv2P1aLr3MPPapQ6TiKW2U5bCcqQP04VRg.png

Libra

Sep 23 - Oct 22

horoscope/aMFFRU6I0dMfPMq2hZA8lF6WaZmvXz6whSQOgrCU.png

Scorpio

Oct 23 - Nov 21

horoscope/YjWuT3Tuz24O2YPa6YFP7uEpBrWcl9GpHoq6chug.png

Sagittarius

Nov 22 - Dec 21

horoscope/jyi3DVYRH8QNBEOKSRqhjVy3bSJlriMLTlmbfDvB.png

Capricorn

Dec 22 - Jan 19

horoscope/Ldni2XMtt9HmizvRXN2KsbLtPmvA7LTiZRpCeho4.png

Aquarius

Jan 20 - Feb 18

horoscope/nsRIfi2ZEFkOMSsMpFYwir70DgO3kjT96mmg9jtX.png

Pisces

Feb 19 - Mar 20