Cancer (Jun 21 - Jul 22)

February 07, 2024

င်္ဂလာပါ။  


StarLight Astrology က ကြိုဆိုပါတယ် ခင်ဗျာ။ 


     

ခရစ်နှစ် ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ အချိန်အခါ သမယမှာ မြန်မာ နိုင်ငံသူ၊ နိုင်ငံသားအပေါင်း နှင့် ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့သည်...

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပြီး သကာလ ဘေးဉပါဒ် အန္တရာယ် အသွယ်သွယ်သော ဒုက္ခများ ကင်းဝေးလျက် အလိုရှိအပ်သော အမှုကိစ္စ အဝဝတို့ ပြီးမြောက်ကြပါစေလို့ Starlightastro Group မှ ဆုမွန်ကောင်းတောင်း လိုက်ပါတယ် ခင်ဗျာ။ 


"ရေလိုအေးလို့ ပန်းလိုမွှေးကြပါစေ" 


ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၀, ၁၉, ၂၈, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၁, ၂၀, ၂၉, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၂, ၂၁, ၃၀, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၃, ၂၂, ၃၁, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၄, ၂၃, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၅, ၂၄, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၆, ၂၅, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၇, ၂၆, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။

ဂဏန်း သမား ဆိုတာ က တစ်လ ရဲ့ , ၁၈, ၂၇, ရက်နေ့တွေမှာ မွေးဖွား သူတွေပါ။


နှစ်စဉ်နှစ်တိုင်း (ဇွန် ၂၂ မှ ဇူလိုင် ၂၂) အတွင်း မွေးဖွားတဲ့ သူတွေကို ကရကဋ် ရာသီဖွား များလို့ ခေါ်ပါတယ်။ 


      

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကရကဋ် ရာသီဖွား ဂဏန်း သမားများ 


 အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းနေသည်။ 


 ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူများသည် မိမိတို့လုပ်ငန်းထဲသို့ စပ်တူရှယ်ယာဝင်ရန် အတွက် ကမ်းလှမ်းမှုများ ရှိမည်။ 


 ဝန်ထမ်းများဖြစ်လျှင် လုပ်ငန်းထဲတွင် မျက်နှာပွင့်လန်းနေမည်။ 


 ရာထူးတိုး၊ လစာတိုးရန် အခွင့်အရေးများပေါ်ပေါက်မည်။ 


 တဖက်တလမ်းမှငွေရှာနိုင်မည့် ဘေးပေါက်စီးပွားရေးအတွက် တွေးတောနေသောကာလဖြစ်သည်။ ထိုသို့ ကြံစည်ထားခြင်းရှိပါက ဆက်တိုးကြိုးပမ်းပါ။ သေချာပေါက် အောင်မြင်မည်။ 


 အလုပ်တွင် ဌာနတွင်းအပြောင်းအလဲ သော်လည်းကောင်း ကောင်းမွန်သောအရွေ့တခု ရှိလာလိမ့်မည်။ 


 ငွေကြေးအရလည်း လက်ဖျားငွေသီးမည့်ကာလဖြစ်သည်။ 


 နေရာပေါင်းစုံမှ ရစရာရှိသည့်ငွေများ ဝင်ရောက်လာမည်။ 


 ပျိုရွယ်သူများ စန်းအလွန်ပွင့်နေပေမည်။ 


 ချစ်သူ ရည်းစား မရှိသူများ ချစ်သူခင်သူပေါများပြီး ချစ်ခွင့်ပန်သူ ဝိုင်းဝိုင်းလည်နေပေမည်။ 


 မိမိမှ သင့်တော် လိုက်ဖက်မည့် လူမျိုးကို သေချာစုံစမ်းရွေးချယ်သင့်ပေသည်။ 


 အုတ်ရောရော ကျောက်ရောရောများ ပါလာတတ်သောကြောင့် ဖြစ်သည်။ 


 ချစ်သူရှိပြီးသူများမှာ တဆင့်တက်ကာ အိမ်ထောင်ရေးအတွက် ရည်ရွယ်စိတ်ကူးသူများ အဆင်ပြေ ချောမွေ့နေလိမ့်မည်။ 


 ပညာရေးတွင်တော့ အနည်းငယ် ကြိုးစားအားထုတ်ရန်လိုအပ်သည့် အခြေအနေမျိုး ဖြစ်သည်။ တွန်းတွန်းတိုက်တိုက်လုပ်မှသာ အောင်မြင်မှု ရရှိမည် ဖြစ်ပေသည်။ 


 ဤကာလအတွက် ကျန်းမာရေးကား စိုးရိမ်စရာ မရှိပါချေ။


       

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကရကဋ် ရာသီဖွား ဂဏန်း သမားများ 

 


 စပ်တူလုပ်ငန်းများ ကြီးပွားတိုးတက်မည်။ 


 ရပေါက်ရလမ်းများ ပေါများကာ စီးပွားရေးမှာ ဒီရေအလား တရိပ်ရိပ်တိုးတက်မည့် ကာလဖြစ်ပါသည်။ 


 မိမိ၏ လုပ်ငန်းပါတနာမှ ကောင်းကျိုး ပေးမှုများ ကို ခံစား စံစားရမည့် ကာလဖြစ်သည်။ 


 အလုပ်ထဲ ငွေမြုပ်နေခြင်းအချိန်ကာလများ ပြီးဆုံးပြီး အကျိုးအမြတ်များစွာ ရရှိ ပိုင်ဆိုင်နိုင်တော့မည် ဖြစ်သည်။ 


 လုပ်ငန်းသစ်လုပ်ရန် လမ်းစများလည်း တစစပေါ်ပေါက်လာတော့မည်။ 


 ဝန်ထမ်းများ အတွက်ကတော့ အလုပ်နေရာ အပြောင်းအလဲ ပေါ်ပေါက်မည်။ 


 ကောင်းသော ပြောင်းလဲခြင်းမျိုးသာ ဖြစ်လိမ့်မည်။ 


 ချစ်ရေးချစ်ရာကိစ္စများ၌ မိမိအလိုကျ ပြည့်စုံနေပြီး ကျေနပ်ပျော်ရွှင်ရမည့် အချိန်ကာလဖြစ်သည်။


 ချစ်သူနှင့် နှစ်ယောက်တကမ္ဘာ တည်ထောင်ရန်ကြံရွယ်နေသော ကိစ္စများ အောင်မြင်လိမ့်မည်။ 


 အဖက်ဖက်မှ ပံ့ပိုးခြင်းများဖြင့် အေးချမ်းသာယာစွာ လုပ်ဆောင်ပြီးမြောက်မည်ဖြစ်သည်။ 


 မိမိအားကမ်းလှမ်းထားသူကို စိတ်ကျေနပ်လှ၍ အဖြေပေးတော့မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်လိမ့်မည်။ 


 ပညာရေးတွင် ကိုယ်တိုင်ကြိုးစားအားထုတ်မှုဖြင့် အောင်မြင်မှုရရှိမည်။ 


 ကျန်းမာရေးကမူ ဒေါင်ဒေါင်မည်ဖြစ်နေမည့် ကာလပင်ဖြစ်သည်။


      

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကရကဋ် ရာသီဖွား ဂဏန်း သမားများ 


 အိမ်၊ ခြံ၊ မြေ နှင့်ပတ်သတ်ဆက်နွယ်သော အရောင်းအဝယ်ကောင်းများ ပေါ်ပေါက်မည့်အချိန်ဖြစ်သည်။


 အိမ်၊ တိုက်ခန်း စသည် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန် အကောင်းဆုံးအချိန် ဖြစ်သည်ဖြစ်၍ လက်မတွန့်တမ်းသာ လုပ်ပါလေ။ 


 ရောင်းသူများ ရောင်းပန်းသာ၍ ဝယ်ယူသူများ ဝယ်ပန်းလှမည့် အချိန်အခါကောင်း ဖြစ်သည်။ 


 ကားပြင်လုပ်ငန်း၊ ကားနှင့်ပတ်သတ်သော ပစ္စည်းကိရိယာ သို့မဟုတ် အလှဆင်လုပ်ငန်းများ နှင့် ကားရေဆေးလုပ်ငန်းများတို့ စီးပွားတိုးကာ ဖောက်သည်အသစ်များ ရရှိ အကျိုးရှိစေလိမ့်မည်။ 


 မိဘ ဘိုးဘွားပိုင်လုပ်ငန်းများကို ဆက်ခံ လုပ်ကိုင်ရမည့် အခြေအနေများဖြစ်လာ၍ မိမိဆန္ဒ မပါသောငြားလည်း လုပ်ကိုင်ဆောင်ရွက်ရမည်။ 


 သူတပါး၏ ငွေကြေးဖြင့် ရင်းနှီးလုပ်ကိုင်ကာ ရှေ့ရေးအတွက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုပါက လုပ်ဆောင်နိုင်မည်။ 


 အချစ်ရေးတွင် ချစ်သူနှင့်ကတောက်ကဆ ဖြစ်ကာ စကားပြောဆိုခြင်းများတွင် အဆီအငေါ် မတည့်နိုင်ပါ။ 


 ညှိနှိုင်းရခက်ပြီး သူ့အလိုကိုယ်မလိုက်နိုင် ကိုယ့်အလိုသူမလိုက်နိုင်ကာ ခပ်တန်းတန်းဖြစ်နေလိမ့်မည်။


  စကားအပြောအဆိုကို သတိအနည်းငယ်ထားကာ ထိန်းသိမ်းပြောဆိုခြင်းဖြင့် ဖြစ်မည့်ရန်ကို ကာကွယ်နိုင်လိမ့်မည်။


  အိမ်ထောင်သည်များ သားသမီးနှင့် ပတ်သတ်၍ မိမိ၏ ခင်ပွန်း၊ ဇနီးဖြင့် စကားများရတတ်သည်။ 


 ဒီကာလတွင် ပညာရေးအားနည်းနေမည်။ 


 လုပ်ချင်ကိုင်ချင်စိတ်မရှိပဲ စိတ်လေနေတတ်ပြီး စာမေးပွဲများတွင် ရလဒ်ကောင်းမထွက်နိုင်သည်များ ရှိတတ်သည်။ 


 မတော်တဆ ထိခိုက်မှု အန္တရာယ် ရှိတတ်သောကြောင့် သတိလက်လွတ်မဖြစ်စေပဲ သတိနှင့် နေပါရန် တိုက်တွန်းလိုပါသည်။


      

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကရကဋ် ရာသီဖွား ဂဏန်း သမားများ 


 လုပ်ငန်းလုပ်ကိုင်ရာတွင် မှန်းချက်နှင့် နှမ်းထွက်မကိုက်တာမျိုး ကြုံရတတ်ပြီး စိတ်ပင်ပန်း ကိုယ်ပင်ပန်း ဖြစ်နေတတ်သည်။ 


 ချေးငှားပေးထားသောငွေကြေးများ လက်လွန်ဆုံးရှုံးမှုများ ကြုံရနိုင်သည်။ 


 ဝင်ငွေနဲ့ ထွက်ငွေ မမျှခြင်းများ ဖြစ်နေတတ်သည်။ 


 ဝန်ထမ်းများ အလုပ်ခွင်တွင်မပျော်ပိုက်ပဲ ထွက်ချင် ပြောင်းချင်စိတ်များ မကြာခဏ ဖြစ်နေတတ်သည်။ 


 ယခုကာလကို ကြိုးစားသည်းခံပြီး လုပ်လက်စ အလုပ်ကိုသာလျှင် စွဲမြဲ လုပ်ကိုင်ပါရန် အကြံပေး လိုသည်။ 


 အလုပ်မတည်မငြိမ်ဖြစ်ခြင်းများ ကြုံရတတ်သောကြောင့် ဖြစ်သည်။ 


 မေတ္တာရေးတွင် သူနှစ်ကိုယ်ရွှေဂဟေဆက်နိုင်မည့် လမ်းစများ ပွင့်လာတော့မည် ဖြစ်သည်။ 


 လုပ်ငန်းခွင်တွင် အချစ်ရေး ပေါ်ပေါက်မည်။ 


 အချစ်ရေးသာယာပါမည်။ 


 အိမ်ထောင်ရေး၊ အိမ်တွင်းရေး ဤကာလတွင် အေးအေးချမ်းချမ်း ရှိနေလိမ့်မည်။ 


 ပညာရေး လုပ်လျှင် လုပ်နိုင်သလောက် ဖြစ်ထွန်းအောင်မြင်မည်။ 


 ကျက်ထားသမျှစာများ စာမေးပွဲတွင်ပါပြီး မကျက်ထားသောစာများအတွက် သောကဖြစ်စရာ မလိုခြင်းလိုမျိုး ကံကောင်းမည်။ 


 မိမိလိုလားသော အမှတ်၊ အဆင့်မျိုးဖြင့် ရရှိအောင်မြင်မည်။ 


 နှာစေး၊ ချောင်းဆိုးလိုမျိုး အသေးအမွှား ကျန်းမာရေးကိစ္စများ ပေါ်ပေါက်တတ်သဖြင့် သတိထားပါရန်။

 


      

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကရကဋ် ရာသီဖွား ဂဏန်း သမားများ 


 ဖခင်မှ မိမိ၏ လုပ်ငန်း၊ စီးပွားရေးအတွက် အကူအညီ အထောက်အပံ့ ပေးလိမ့်မည်။ 


 လက်ဖျားတွင် ငွေရော ရွှေပါသီးမည့်ကိန်းစိုက်သည့်ကာလ ဖြစ်ပါသည်။ 


 သို့ဖြစ်ပါ၍ မည်သည့်လုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပါစေ ကြီးပွားခြင်း တိုးတက်ခြင်း ပွားများခြင်းများဖြင့် အောင်မြင်လာတော့မည်ဖြစ်သည်။ 


 နှစ်ရှည်လများ မိမိတို့ မျှော်မှန်းတောင့်တခဲ့ရပါသော ဆန္ဒများ ပြည့်ဝက ပျော်ရွှင်ချမ်းမြေ့ရပေလိမ့်မည်။


 ဝန်ထမ်းများ မိမိတို့ရဲ့ အသိုင်းအဝိုင်းမှာ နာမည်ကောင်းရ ကျော်ကြားမည်။ 


 လုပ်ခလစာတိုးရန်၊ ရာထူးတိုးရန် သတင်းကောင်းများ ကြားရပေမည်။ 


 အလုပ်ခရီးများ မကြာခဏ ထွက်ရတတ်ပြီး မိမိအလုပ်ကို စိတ်ကျေနပ် ဝမ်းမြောက်နေမည့် အချိန်အခါကောင်း ဖြစ်သည်။ 


 အလုပ်အကိုင်အသစ်များပင် ကမ်းလှမ်းမှုများ ကြုံမည်။ 


 မိမိအား မနာလိုမရှု့စိမ့်နိုင်ဖြစ်သော လုပ်ဖော်ကိုင်ဖက်များမှ မင်းသားခေါင်းကျွတ်ပြီး ဘီလူးခေါင်း ပေါ်ကာ ပေါ်တင် တိုက်ခိုက်တာမျိုးခံရမည်။ 


 သို့ပေမင့်လည်း မိမိ၏ ချက်ချာမှု၊ ပါးနပ်မှုတို့ကြောင့် ရန်အန္တရာယ်များကို သေချာပေါက် ကျော်လွှားနိုင်ပါမည်။ 


 ဤအချိန်အခါသည် စာချုပ်စာတမ်းအသစ်များ ချုပ်ဆိုခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း ကိစ္စများ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မည့် အချိန်ဖြစ်ပါသောကြောင့် အခါကောင်းဟုမှတ်ယူကာ လုပ်ဆောင်သင့်သည်။ 


 အိမ်ခန်း ရောင်းလို ငှားလိုသည်များ ရောင်းထွက် ငှားထွက်မည်။ 


 ထီဝါသနာပါလျှင် ထီထိုးပါက ကံကောင်းနိုင်သည်။


 ရောဂါဟောင်းများ ပေါ်ပေါက် တတ်သည်။ 


      

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကရကဋ် ရာသီဖွား ဂဏန်း သမားများ 


 အမှုအခင်း ပြသနာများကြုံရတတ်သည်။ 


 မိမိက မှန်သော်လည်း အပုတ်ချတိုက်ခိုက်လာသောကြောင့် နစ်နာဆုံးရှုံးရမှုများ ဖြစ်ရတတ်သည်။ 


 စိတ်နွမ်း ကိုယ်ပန်း ခုခံတိုက်ခိုက်ပြီးနောက်မှာတော့ အောင်မြင်မည်။ 


 မိတ်ကောင်းဆွေကောင်းတို့ ကူညီထောက်ပံ့ခြင်း ရရှိမည်။ 


 ခရီးတိုများ မကြာခဏ ထွက်ရတတ်သည်။ 


 ငွေယိုပေါက်များမည်။ 


 ကျန်းမာရေးအားနည်းနေ၍ အဖက်ဖက်တွင် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသောကာလ ဖြစ်သည်။ 


 လုပ်ငန်းတူ စီးပွားဖက်များ ရှိပါက ၎င်းတို့ထံမှ အထောက်အကူရခြင်းမျိုး ရှိမည်။ 


 မိမိ၏ အိမ်ထောင်ဖက်မှာတော့ စိတ်သွားတိုင်းကိုယ်ပါ လိုရာခရီးလည်းရောက်၍ ငွေကြေးအားဖြင့် ကုံလုံပြည့်စုံသော ကာလဖြစ်သည့်အတွက်တော့ စိတ်သက်သာရာရပေလိမ့်မည်။ 


 သား/သမီးတို့၏ အောင်မြင်ပေါက်မြောက်ခြင်း သတင်းကောင်းကို ကြားရမည်။ 


 မိခင်မှ ပွပေါက်တိုးပြီး အကျိုးရှိခြင်းမျိုး ရှိ၍ မိမိသည်လည်း သွယ်ဝိုက်အကျိုးခံစားရလိမ့်မည်။ 


 သည်းခံခြင်းဖြင့် အောင်မြင်မှုကိုတော့ နောက်ဆုံးတွင် ရရှိမည်သာဖြစ်သည်။ 


 အသေးစား မတော်တဆ ထိခိုက်မှုများ ဥပမာ ဓားရှခြင်း၊ ခလုတ်တိုက်မိ၍ အနည်းငယ် ပွန်းပဲ့ခြင်းမျိုး ကြုံရမည်။


      

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကရကဋ် ရာသီဖွား ဂဏန်း သမားများ 


 မရောက်ဖူးသောဒေသ၊ သူစိမ်း နယ်ပယ်များသို့ ခရီးဝေးခရီးရှည် ထွက်ရကိန်းရှိသည်။ 


 ရပ်ရေးရွာရေး ကောင်းကျိုးအတွက် ပဒေသာပင်မတည်လှူဒါန်းဆောင်ရွက်နိုင်သည်အထိ အလုပ်အကိုင် ငွေရေးကြေးရေး အဆင်ပြေ ကြီးပွား တိုးတက်မည်။ 


 ရှေးကုသိုလ်ကံများ ထွက်ပေါ် အကျိုးပေးမည့် ကာလပင်ဖြစ်သောကြောင့် လက်နဲ့ထိရင်ရွှေဆိုသကဲ့သို့ စီးပွားရေး၊ ငွေရေးကြေးရေး၊ လူမှုရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး စသည်ဖြင့် အရာရာ သီးပွင့်ဖြစ်ထွန်း အောင်မြင်လေပေမည်။ 


 အိမ်တွင်းရေးသာယာနေသဖြင့် စိတ်ချမ်းမြေ့ပျော်ရွှင်ရမည်။ 


 နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းနေသူများ အစပိုင်းတွင် အထေ့အငေါ့လေးတွေ ရှိတတ်သော်လည်း နောက်ဆုံးတွင် အောင်မြင်လိမ့်မည်။ 


 ကာလတို ပရော့ဂျက်လုပ်ကိုင်နေသူများ အလုပ်ပြီးဆုံးခြင်းကာလကို ရောက်ရှိ၍ စိတ်အေးသက်သာ နေပေမည်။ 


 ဝန်ထမ်းများ ရက်ရှည် ခွင့်ယူပြီး ခဏတဖြုတ် အနားယူရန် ကြံရွယ်နေတတ်ကြသည်။ 


 အလုပ်တခုမှ တခုပြောင်းရန် အကူးအပြောင်းကာလလည်းဖြစ်သည်။ 


 မိခင်ရဲ့ ကျန်းမာရေး အနည်းငယ် စိုးရိမ်စရာများ ဖြစ်တတ်သည်။ 


 မိခင် ဆေးရုံတက်ရခြင်း၊ အရေးပေါ်ဌာနသို့ တင်ဆောင်ရခြင်းမျိုး ရှိတတ်သဖြင့် မိခင်အား ပုံမှန်ထက် ပိုပြီး ဂရုစိုက်ပါရန်။

 


     

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကရကဋ် ရာသီဖွား ဂဏန်း သမားများ 


 နိုင်ငံရပ်ခြား ခရီးဝေး ခရီးရှည်များ သွားရမည်။ 


 ဖခင်၏ ကျန်းမာရေးအတွက် နိုင်ငံခြား သို့မဟုတ် မွေးရပ်မှဝေးရာ နေရာဌာနသို့ ဆေးထွက်ကုရခြင်းမျိုး ရှိတတ်သည်။ 


 ပုံမှန်ဝင်ငွေ ရှိနေတတ်ပြီး ပုံမှန်ထက် အမြတ်ငွေ တိုးတက်ရရှိမည်။ 


 လုပ်ငန်းခွင်မှာ အနှောက်အယှက် အတိုက်အခိုက်မမြင်ပါ။ 


 အသေးအမွှား စိတ်အနှောက်အယှက်များ ကြုံရတတ်သော်လည်း တိုက်ခိုက်အောင်မြင်မှာ မုချ ဖြစ်သည်။ 


 မိဘဆွေမျိုး မောင်နှမ သားချင်းများ ကို ထောက်ပံ့ ကူညီနိုင်သည့် အနေအထားတွင်ရှိနေသည်။ 


 ဆွေမျိုး အသိုင်းအဝိုင်း၏ အားကိုးအားထားရာ ဖြစ်နေမည်။ 


 စိတ်ချမ်းမြေ့သာယာဖြစ်ရခြင်း လိုအင်ဆန္ဒများ ပြည့်စုံရခြင်း စသည်ဖြင့် အေးချမ်းသာယာသော ဘဝလေးအား ပိုင်ဆိုင်နေရမည့် ကံကောင်းလှသော အခါကောင်း ဖြစ်ပေသည်။ 


 ကုသိုလ်ရေး လှူရေးတန်းရေးဘက်ကို စိတ်ရောက်နေတတ်ပြီး ကောင်းမှုများကိုသာ အချိန်တိုင်း ပြုလုပ်ရန် ကြံဆနေတတ်မည်။ 


 ခိုင်မာသောလုပ်ငန်းတွင် ရှယ်ယာဝင်ခြင်းမျိုးဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်သည်။ 


 နောင်အခါအတွက် အမှန်တကယ် အကျိုးရှိစေမည်မှာ ဧကန်ပင်ဖြစ်ပေသည်။ 


 ကျန်းမာရေးအတွက် အစားအသောက်အချိန်မှန်စားခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ခြင်းဖြင့် မိမိကိုယ်ကို ဂရုစိုက်ရန်၊ ကြိုတင်ကာကွယ်ရန် လိုအပ်ပေသည်။ 


 မိမိတို့၏ ချစ်သူ၊ အိမ်ထောင်ဖက်တို့ အောင်မြင်အဆင်ပြေမည့်ကာလလည်း ဖြစ်ပေသည်။


      

၂၀၂၄ ခု နှစ် ဖေဖော်ဝါရီလ အတွက် ကရကဋ် ရာသီဖွား ဂဏန်း သမားများ 


 လုပ်ငန်းကိုင်ငန်းတွင် သတ္တိရှိစွာ စွန့်စားပြီး ရှေ့တိုး လုပ်ဆောင်လိုစိတ် ပြင်းပြစွာ ဖြစ်နေတတ်သည်။ 


 ဆက်လက် လှမ်းချီလိုက်ပါက အောင်မြင်နိုင်မည့် ကံတရားကကိုယ့်ဘက်ပါနေသောကာလ ဖြစ်သည်။ 


 လုပ်ငန်းရင်းနှီးရန်အတွက် အတွင်းပစ္စည်းများ ထုတ်ရောင်းရမည်။ 


 နေအိမ် ခြံမြေ ယာဉ်ကား များအတွက် ကောင်းကျိုး ခံစားရမည်။ 


 သား/သမီး များ၏ အလုပ်၊ ဝင်ငွေ တို့အတွက်မူ ဆုံးရှုံးနစ်နာမှုများ ရှိနေတတ်သည်။ 


 အိမ်နေရာ ရွေ့ပြောင်းခြင်း၊ လုပ်ငန်းနေရာ၊ ဆိုင်နေရာရွေ့ပြောင်းရခြင်းများ ရှိတတ်သည်။ ကောင်းသော ပြောင်းခြင်းဖြစ်မည်။ 


 အစ်ကိုကြီး အမကြီးတို့၏ ဘေးရန်ကြုံရသော သို့မဟုတ် နေထိုင်မကောင်းဖြစ်ကာ ရောဂါဝေဒနာများ ခံစားနေရကြောင်း သတင်းဆိုးမျိုး ကြားရတတ်သည်။ 


 ပညာရေးတွင် အားစိုက်ကာ လုပ်နိုင်မှ တော်ကာကျမည်။ 


 ကျားကုတ်ကျားခဲကြိုးပမ်းမှသာ အောင်မြင်နိုင်လိမ့်မည်။ 


 အိမ်ထောင်ရေးတွင် အတွင်းရန်လေးများ ပေါ်ပေါက်နေတတ်ပြီး အချင်းချင်း ရန်စောင်နေရမည်။ 


 အချစ်ရေး၊ မေတ္တာရေးအတွက် အချိန်ကောင်း မဟုတ်ပါပေ။ 


 သည်းခံခြင်းသည် အောင်မြင်ရာ၏ ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားမှသာလျှင် အဆင်ပြေ ချောမွေ့နိုင်လိမ့်မည်။


      

ချစ်မိတ်ဆွေတို့ရေ အခု တင်ဆက်ဖော်ပြပေးနေတဲ့ တစ်ဆယ့်နှစ်ရာသီအတွက် နက္ခတ်ဗေဒင်ပညာ အဟောတွေကို ယေဘုယျ အဟောများတင်ဆက်ပေးနေရာမှ ပိုမို တိကျ သေချာတဲ့ ဟောကိန်းတွေကို တဆင့်ပြီးတဆင့် ပိုမိုကောင်းမွန် မှန်ကန်တဲ့ ဟောပြောမှုများ အဖြစ် ဆက်လက် တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။ 

 


     

နောက်ပိုင်းတွေမှာ ရာသီအလိုက် နက္ခတ်စီးစနစ် တွေပါ ရေးသားတင်ဆက် ပေးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ Starlightastro Group ကို Like & Follow လုပ်ထားဖို့တော့လိုပါတယ်နော်။ 


      

တဦးတယောက်ချင်းစီအတွက် တိကျမှန်ကန်သေချာတဲ့ ဟောပြောမှုကို လိုချင် ပါလျင် အတွေ့အကြုံ ရင့်ကျက်တဲ့ နက္ခတ္တဗေဒင် ပညာရှင်ကြီးတွေနဲ့ စုပေါင်းဖွဲ့စည်း ထားတဲ့ StarLight Astrology မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ 


      

ချစ်မိတ်ဆွေအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး အောင်မြင်မှုပန်း တိုင်ကို ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။


#Starlightastro Group#

Monthly horoscopes

horoscope/yUBWqz3BzRU9rs6NxXB9pIzi7rHqeAoj0CZLydry.png

Aries

Mar 21 - Apr 19

horoscope/I9Cf12WsNJeoe9juFIYu0lmgq1tZb6TteYMVuv9T.png

Taurus

Apr 20 - May 20

horoscope/oLxkVsOiamG69X9yqSLhxeoT464jhGZaeUIHgObF.png

Gemini

May 21 - Jun 20

horoscope/RDnH9Zwmep6PbeMyaOcak17vaRBPFZ0TVSCW0KAI.png

Cancer

Jun 21 - Jul 22

horoscope/3lXJfygmyGRc9vVDqTL275pfCv3uIkIxpqxiz9Fq.png

Leo

Jul 23 - Aug 22

horoscope/dE2MvlI9n9747f2jz6KDnikznDBTsKh5PjEcpr1s.png

Virgo

Aug 23 - Sep 22

horoscope/PVd9Pojv2P1aLr3MPPapQ6TiKW2U5bCcqQP04VRg.png

Libra

Sep 23 - Oct 22

horoscope/aMFFRU6I0dMfPMq2hZA8lF6WaZmvXz6whSQOgrCU.png

Scorpio

Oct 23 - Nov 21

horoscope/YjWuT3Tuz24O2YPa6YFP7uEpBrWcl9GpHoq6chug.png

Sagittarius

Nov 22 - Dec 21

horoscope/jyi3DVYRH8QNBEOKSRqhjVy3bSJlriMLTlmbfDvB.png

Capricorn

Dec 22 - Jan 19

horoscope/Ldni2XMtt9HmizvRXN2KsbLtPmvA7LTiZRpCeho4.png

Aquarius

Jan 20 - Feb 18

horoscope/nsRIfi2ZEFkOMSsMpFYwir70DgO3kjT96mmg9jtX.png

Pisces

Feb 19 - Mar 20